HOME

Friday, September 28, 2012

စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့အီရန်တောင်းဆို.....!

အမေရိကန် ပြည်ထောင်စုနှင့် ညှိနှိုင်းဆွေးနွေးရန် အီရန်အသင့်ရှိနေ

 
အီရန်နိုင်ငံက နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ အမြဲတမ်း ကိုယ်စားလှယ် Soltanieh က အနောက်နိုင်ငံတွေ
အနေနဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှား ပေးမယ်ဆိုရင် အီရန်နိုင်ငံကလည်း ၎င်းရဲ့ ယူရေနီယံ သန့်စင်မှုကို ၂၀ ရာခိုင်နှုန်း ရပ်ဆိုင်းမယ်လို့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။

အဲ့ဒီကမ်းလှမ်းချက်ကို တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ယခုလ အစောပိုင်းက အီရန်နျူကလီးယား ညှိနှိုင်းရေးမှူှးနေ Saeed Jalili နဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Ashton တို့ တွေ့ဆုံဆွေးနွေးပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အီရန်နျူကလီးယား အစီအစဉ်ကို အဆုံးသတ်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ကျေနပ်တဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း Jalili က ပြောပါတယ်။ နယူးယော့ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် ကလည်း စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment