HOME

Thursday, September 20, 2012

အစ္စရေး လက်တုန့်ပြန် .....!

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး လက်တုန့်ပြန် တိုက်ခိုက်
စစ်သွေးကြွ များ၏ ဒုံးကျည် များဖြင့် တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေး လေယာဉ် များသည် ဂါဇာစီးတီး အရှေ့ဘက်ရှိ ဟားမက်စ် အဖွဲ့၏ လေ့ကျင့်ရေး စခန်း တစ်ခုကို စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစ္စရေး အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းသည် အဆို ပါလေ့ကျင့်ရေး စခန်းသို့ ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ရာ ၄င်းစခန်း၌ တစ်ဦးတစ်ယောက်မှမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မီးလောင်ကျွမ်းခဲ့ကြောင်းမျက်မြင်သက်သေတစ်ဦးကပြောကြားခဲ့သည်။
ဟားမက်စ်အဖွဲ့သည်ゞင်းတို့ပိုင်နက်အတွင်းရှိကမ်းခြေဒေသမှနေ၍အစ္စရေးတောင်ပိုင်းသို့ စက်တင်ဘာ ၉ရက်တွင်Gard ဒုံး ကျည်သုံးစင်းပစ်ခတ်ခဲ့ကြောင်းနှင့် အစ္စရေးတို့၏ လက်တုန့်ပြန်မှုကို မျှော်မှန်းထားပြီး လုံခြုံရေးတပ်ဖွဲ့များကိုဘေးလွတ်ရာသို့ရွှေ့ထားခဲ့ကြောင်းသိရသည်။
ဟားမက်စ်အဖွဲ့၏ ဒုံးကျည်သုံးစင်းကျရောက်ပေါက်ကွဲမှုကြောင့် အစ္စရေးသုံးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီးလေးဦးမှာ စိတ်ချောက်ခြားမှုကြောင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ အဆိုပါ ဒုံးကျည် ပစ်ခတ်မှုသည် ဆာလာဖစ်အဖွဲ့ဝင် လက်ချက်ဖြစ်ကြောင်းနှင့် ဟားမက်စ်အဖွဲ့တွင် ဆာလာဖစ်အဖွဲ့နှင့် ဆက် နွှယ်သူ ဒါဇင်ပေါင်းများစွာ ပါဝင်ကြောင်းသိရသည်။

No comments:

Post a Comment