HOME

Friday, September 21, 2012

အီရန်အား တိုက်ခိုက်မည့် အစီအစဉ်သဘော ထား အမြင်များ ကွဲပြား .....!

အစ္စရေးနှင့်အမေရိကန်အကြား သဘော ထားကွဲလွဲမှုများကို ဖြေရှင်း သင့်ကြောင်း တိုက်တွန်း
အီရန်အား တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်၍ သဘော ထား အမြင်များ ကွဲပြား နေကြသည် ဆိုသော ကောလာဟလ သတင်းများ ကိုပိုမို သတိထား ကြရန်နှင့် ယင်းကိစ္စ အပေါ် တံခါးပိတ်ဖြေရှင်း သင့်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး အီဟွတ် ဘာရက်က အစ္စရေးနှင့် အမေရိကန် တို့ကို အင်္ဂါနေ့က တိုက်တွန်း ခဲ့သည်။
“အစ္စရေးနဲ့ အမေရိကန်တို့ အကြားမှာ မတူညီတဲ့သဘောထား တချို့ရှိနေပါတယ်။ အဲဒီသဘော ထားကွဲလွဲနေမှုတွေကို တံခါးပိတ်ပြီး ဆွေးနွေးဖြေရှင်း သင့်ပါတယ်။ အမေ ရိကန်ဟာ အစ္စရေးရဲ့ အဓိကမဟာ မိတ်ပါ။ သဘောထား ကွဲလွဲမှုတွေရှိ နေပေမယ့် မဟာ ဗျူဟာမြောက် အရေးပါတဲ့ ဆက်ဆံရေး ကိုတော့ ဆက် ပြီး ထိန်းသိမ်း သွားမှာ ဖြစ်ပါတယ်” ဟု ဘာရက်က ပြောကြားခဲ့သည်။
နျူကိစ္စနှင့် ပတ်သက်၍ အီရန်အပေါ် မီးနီမပြသေးကြောင်း အမေရိကန်၏ ဆုံးဖြတ်ချက်ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ခါးခါး သီးသီး ဆန့်ကျင် ခဲ့သည်။“ကမ္ဘာက အစ္စရေးကိုစောင့်ဦး၊ အချိန်ရှိသေး တယ်လို့ ပြောနေတယ်။ ဒါဆို ကျုပ် ပြောမယ်။ ဘာကိုစောင့်ရမှာလဲ။ ဘယ်အချိန် ထိစောင့်ရ မှာလဲ”ဟု နေ တန်ယာဟုက ဘူလ်ဂေးရီးယားဝန် ကြီးချုပ်ဘွိုင်ကိုဘော်ရီဆော့ဗ်နှင့် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်စဉ် ပြောကြားခဲ့သည်။
အမေရိကန်သည် အီရန်ဘဏ်များ၊ ကုမ္ပဏီများကို အရေးယူဒဏ်ခတ် ပိတ်ဆို့ပြီး တီဟီရန်အစိုးရအပေါ် ဖိအားပေးနေသော်လည်း ယင်းဒဏ်ခတ် ပိတ်ဆို့မှု များမှာ တစ်စိတ်တစ်ဒေသ မျှသာသက်ရောက်မှုရှိကြောင်း၊ အီ ရန်စီးပွားရေး အထိနာနေသည့်တိုင် နျူအစီအစဉ်ကိုမူ သူတို့ရပ်တန့်ခြင်း မရှိကြောင်း နေတန်ယာဟုက ဂျေရု စလင်မြို့ရှိသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment