HOME

Thursday, September 6, 2012

ဆီးရီးယားစစ်ပွဲနှင့်ကမ္ဘာ ၊ဆက်နွယ်သည့်စစ်ပွဲဟု သမ္မတအာဆတ်ပြော။

ဆီးရီးယားစစ်ပွဲသည် ကမ္ဘာနှင့် ယှက်နွယ်သည့်စစ်ပွဲဟု သမ္မတအာဆတ်ပြော


ဘီရွတ်။
 
 

    ဗုဒ္ဓဟူးနေ့တွင်ပြသသည့် ဆီးရီးယားနိုင်ငံ ရုပ်သံလွှင့်ထုတ်မှု၏ သတင်း အစီအစဉ် ဖန်သားပြင်ပေါ်၌ သမ္မတအာဆတ်၏ မျက်နှာက ပထမဦးဆုံး ပေါ်လာသည်။ သူ့မျက်နှာက ပြုံးရွှင်နေသည်။ စိတ်သက်သာရာရနေသည့်ပုံ။ သူက မကြာလှသောကာလ၌ သူပုန်များကို သူနိုင်တော့မည်ဟု ပြည်သူများကို ကတိပေးနေသည်။


လော့အိန်ဂျယ်တိုင်းသတင်းစာ LA Times မှ သတင်းသမား Patrick McDonnell က- ဆီးရီးယားသမ္မတ ဘာရှာ အာဆတ်ကို မြင်တွေ့ရသည်မှာ သူ့ကိုယ်သူယုံကြည်နေသည့် ဟန်ပန်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က လွှင့်ထုတ်သည့် ရုပ်သံနှင့် တွေ့ ဆုံမေးမြန်းခန်းသည် ပြီးခဲ့သည့်လနောက်ပိုင်း ပထမဦးဆုံး အာဆတ်ကို ပြည်သူ များပြန်တွေ့ ရခြင်းဖြစ် သည်ဟုဆိုသည်။ ယင်းတွေ့ဆုံ မေးမြန်းခန်းကို ထုတ်လွှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ သူ့၌ အင်အားရှိနေသေး ကြောင်း၊ အစိုးရတပ်များသည် ဆူပူဆန့်ကျင်သူများကို အချိန်နှင့်တစ်ပြေးညီ နှိမ်နင်းနိုင်နေပြီဖြစ်ကြောင်း။ ယခုလောလောဆယ်၌ သူတို့ကိုပြန်လည် တိုက် ထုတ်နေပြီဖြစ်ကြောင်းများ ပြောကြားရန်သက်သက်ဖြစ်သည်။
အာဆတ်က ဖြည့်စွက်ပြောရာ၌-
''ကျုပ်တို့ရင်ဆိုင်နေရတာက ဒေသတွင်းထိပ်တိုက်တွေ့ဆုံမှုဆိုပေမယ့် ကမ္ဘာတစ်ခုလုံးနဲ့ချီတဲ့ စစ်ပွဲတစ်ပွဲပါ။ ခုလည်း ကျုပ်တို့ဘက်ကနိုင်နေပါပြီ။ အခုလုံးဝမနိုင်သေးပေမယ့် အချိန်ထပ်ရမယ်ဆိုရင် နိုင်တော့မှာပါ''
အစိုးရပိုင် သတင်းဌာနမှ သတင်းသမားက အဘယ်ကြောင့် လူအများ ရှေ့သို့ အချိန်ကာလတစ်ခုအတွင်းထွက်၍ မျက်နှာမပြပါသလဲဟု မေးမြန်းရာ-
''ကျုပ်က ဒီမတ်စကတ်မှာပဲ ခင်ဗျားတို့နဲ့အတူ ရှိနေတယ်လေ။ ပြီးတော့ သမ္မတနန်းတော်ထဲမှာပဲလေ''ဟု စကားနှင့်တင်မက ဟန်အမူအရာပြ၍ သတင်းသမားများကိုပြောခဲ့သည်။ ဆန့်ကျင်သူများကမူအာဆတ်၏ စကားများ သည် အမြင်မှားစေ ရန် ပြု မူပြနေခြင်းဖြစ်သည်ဟု ချက်ချင်းဝေဖန်ကြသည်။ မြို့ကြီးသုံးမြို့ဖြစ်သော ဒီမတ်စကတ် အဲလက်ပိုနှင့် ဟုမ်းမြို့များ၏ မြို့လယ်ပိုင်း အရပ်ဒေသများကို သူပုန်များကထိန်းချုပ်ထားပြီဟူသော သတင်းများထွက်နေ ၍ဖြစ်သည်။

No comments:

Post a Comment