HOME

Thursday, September 20, 2012

''အီရန်နိုင်ငံကခြိမ်းခြောက်နေမှုတွေဟာသိပ်အန္တရာယ်ကြီးပါတယ်''

အီရန်ကို အစ္စရေးကတိုက်ခိုက်မည့်ကိစ္စ သူ မကန့်ကွက်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော

 

အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီး Ehud Barak အစ္စရေးနိုင်ငံမှ Hearetz သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ဖြေကြား ရာ၌ အီရန်ကိုအစ္စရေးက တိုက်ခိုက်မည့်ကိစ္စရပ်အပေါ်သူက ကန့်ကွက်နေသည်ဟုသတင်းများထွက်ပေါ်နေသည်မှာ မဟုတ် မှန်ကြောင်း ပြောခဲ့သည်။

''အီရန်နိုင်ငံကခြိမ်းခြောက်နေမှုတွေဟာသိပ်အန္တရာယ်ကြီးပါတယ်''
''ဒီကိစ္စဟာသိပ်အရေးကြီးပါတယ်။ အီရန်နိုင်ငံအနေနဲ့ညူလက်နက် ရရှိသွားမှာကို အစ္စရေးက ခွင့်မပြုနိုင်ဘူးဆိုတဲ့ကိစ္စ ကို ပြောတာပါ။ ဒီဖြစ် ရပ်နဲ့ သက်ဆိုင်သမျှ အားလုံးစားပွဲပေါ်မှာ အသင့်ရှိနေပါပြီ''
ကာကွယ်ရေးဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့ကြား ကွာဟမှု သိပ်ကြီးမားသည်ဆိုသည့် သတင်းများမဟုတ်မှန်ကြောင်းကို ''ကျုပ်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်စကားပြောနိုင်ပါတယ်။ ဒီအီရန်နိုင်ငံပြဿနာဟာ သိပ်ကြီးမား တယ်ဆိုတာ နှစ်ယောက်လုံးက သဘောတူပြီးသားပါ။ ကျွန်တော်တို့နှစ်ယောက်လုံးက ဆုံးဖြတ်ချက်လည်း ချထားပြီးပါပြီ။ ခင်ဗျား တို့မကြာခင် တွေ့ကြရတော့မှာပါ''ဟု ပြောသည်။
အမေရိကန်နှင့် သူတို့ကြား တင်းမာမှုရှိသည်ဆိုသည့်စကားနှင့် ပတ် သက်၍ ''ဒီမှာ ကျွန်တော်တို့ လူတွေအားလုံးကြားအောင် အသံကျယ် ကျယ်နဲ့ ရှင်းရှင်းပဲပြောမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေကြားမှာ မှား ယွင်းတဲ့စကားတွေရောက်နေတာပါ။ ကျွန်တော် တို့နဲ့ အမေရိကန်နိုင်ငံတို့ ကြားမှာရှိတဲ့ အခြေအနေကိုရှိတာထက် ချဲ့ကားပြီးပြောနေကြတာပါ''ဟု အေးဟုဘားရတ်က ပြောသည်။

No comments:

Post a Comment