HOME

Monday, October 22, 2012

မြောက်ကိုရီးယား၏ဒုံးလက်နက်များအမေရိကန် ကုန်းတွင်းပိုင်း အထိပစ်ခတ်နိုင်ဟုဆို ......!

အမေရိကန် ကုန်းတွင်းပိုင်း အထိ ဒုံးလက်နက်များ ပစ်ခတ်နိုင်ဟု မြောက်ကိုရီးယားဆို
အမေရိကန်နိုင်ငံ ကုန်းတွင်းပိုင်း အထိ ပစ်ခတ်နိုင်သော ဒုံးပျံများ မိမိတို့ လက်ဝယ်တွင် ရှိနေ ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ မှ အောက်တိုဘာ ၉ ရက်နေ့က ပြောဆိုခဲ့သည်။

တောင်ကိုရီးယား နိုင်ငံနှင့် အဓိက မဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံကို တောင်ကိုရီးယား နိုင်ငံအတွက် ဒုံးလက်နက် နည်းစနစ်များ ကူညီထောက်ပံ့မှုကြောင့် ယခုကဲ့သို့ မြောက်ကိုရီးယားနိုင်ငံမှ ခြိမ်းခြောက် ပြောဆို ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံမှ အောက်တိုဘာလ ၉ ရက်နေ့က ၎င်းတို့အနေဖြင့် မိုင် ၇၀၀ နီးပါး အကွာအဝေးရှိသော မြောက်ကိုရီးယား ဒေသတစ်ခုလုံးအား ဖြန့်ကျက် တိုက်ခိုက်နိုင်စွမ်း ရှိသည့် စစ်ရေးစွမ်းရည်အား အမေရိကန်နိုင်ငံမှ ကူညီထောက်ပံ့ရန် သဘောတူညီချက်ရ ရှိခဲ့မှုကြောင့် ခြိမ်းခြောက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုခဲ့သည်။ ကိုရီးယား ကျွန်းဆွယ်ပေါ်က အခုလတ်တလော ရှိနေတဲ့ အနေအထားကနေ တစ်စုံတစ်ရာ စစ်ရေးတိုးချဲ့မှုဟာ အဆုံးစွန်သော စစ်ပွဲအထိ ဖြစ်သွားနိုင်ခြေ အများကြီး ရှိပါတယ်လို့ မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ယခုလက်ရှိ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ မဟာဗျူဟာ မြောက်ဒုံးကျည် အင်အားစုဟာ တောင်ကိုရီးယားကျွန်းကို တိုက်ရိုက် ပစ်ခတ်နိုင်တဲ့အပြင် ဂျပန်၊ ဂူအမ်နဲ့ အမေရိကန် ကုန်းတွင်းပိုင်းအထိပါ ပစ်ခတ်နိုင်စွမ်း ရှိပါတယ်ဟူ၍ မြောက်ကိုရီးယား ဗဟိုသတင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန် ကြေညာချက် တစ်ခုတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ယခုထုတ်ပြန် ကြေညာခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မိမိတို့ဘက်မှ တစ်စုံတစ်ရာ ပြန်လည် မှတ်ချက်ပေးစရာ မရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အောက်တိုဘာလ ၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယား အစိုးရနှင့် အမေရိကန် ဝါရှင်တန် အစိုးရအနေဖြင့် မြောက်ကိုရီးယား၏ တိုက်ခိုက်လာမှုအပေါ် တစ်စုံတစ်ရာ စိုးရိမ်မှု မရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး ဖြစ်သည်။
“မြောက်ကိုရီးယားမှာ ဒီလိုစွမ်းအားမြင့်ပြီး ဒီလောက်ဝေးတဲ့ အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ ဒုံးလက်နက်တွေ ရှိနေတယ်ဆိုတာ ဘာသက်သေ အထောက်အထားမှ မရှိပါဘူး။ အမေရိကန် ကုန်းတွင်းပိုင်းထဲအထိ ရောက်အောင် စမ်းသပ်ပစ်ခတ် နိုင်ခဲ့တာမျိုးလည်း မရှိပါဘူး” ဟူ၍ ကိုရီးယား အမျိုးသား ဒီပလိုမက်တစ် အဖွဲ့အစည်းမှ ကျွမ်းကျင်သူ ပါမောက္ခယွန်ဒေါက်မင်မှ ပြောဆိုခဲ့သည်။

No comments:

Post a Comment