HOME

Thursday, October 25, 2012

ကာတာစော်ဘွား၏ ဂါဇာကမ်းမြောင်ခရီး .....!

ကာတာစော်ဘွား၏ ဂါဇာကမ်းမြောင်ခရီး

ဂါဇာသို့ရောက်ရှိလာသည့် ကာတာစော်ဘွားကို ၀န်ကြီးချုပ် ဟာနီယာက ကြိုဆိုလာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဂါဇာသို့ရောက်ရှိလာသည့် ကာတာစော်ဘွားကို ၀န်ကြီးချုပ် ဟာနီယာက ကြိုဆိုလာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂါဇာစီးတီး - ကာတာနိုင်ငံစော်ဘွား ရှိတ်ခ်ဟာမက် ဘင်ခလီဖာအယ်လ်သာနီသည် အောက်
တိုဘာလ ၂၃ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသသို့ သမိုင်းဝင်သွားရောက်ခဲ့သော ၎င်း၏ခရီး
စဉ်တွင် ပါလက်စတိုင်း စည်းလုံး ညီညွတ်ရေးအတွက် မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။

ထိုဒေသ၌ ၂၀၀၇ ခုနှစ်က ဟားမာ့စ်တို့ အာဏာရပြီး ကတည်းက ဂါဇာဒေသသို့ ပထမဆုံး
သွားရောက်ခဲ့သည့် နိုင်ငံ့အကြီးအကဲ တစ်ဦးဖြစ်သည်။

ဆင်းရဲနွမ်းပါးသော ဂါဇာကမ်းမြောင် ဒေသတွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအ
တွက် ဒေါ်လာ သန်း ပေါင်းများစွာတန်သော လုပ်ငန်း စီမံကိန်းတစ်ခုကို ရင်းနှီးမြှုပ်နှံရန်
ရောက်ရှိလာသော ကာတာစော်ဘွား ရှိတ်ခ် ဟာမက် ဘင် ခလီဖာ အယ်လ် သာနီနှင့်
ဇနီး ရှေခါးမိုဇာ ဘင်နက်ဆာ တို့ရောက်ရှိသွားချိန်တွင် ဂါဇာနိုင်ငံမှ အစ္စလမ္မစ် ဟားမာ့စ်
အစိုးရအဖွဲ့ အကြီး အကဲများက လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြသည်။

ပြိုင်ဘက် ပါလက်စတိုင်းအုပ်စုများ ဖြစ်သည့် ဟားမာ့စ်အုပ်စုနှင့် သမ္မတ မိုဟာမက် အဘတ်စ်
၏ ဖာတာအုပ်စု တို့ ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး အတွက်လည်း ကာတာစော်ဘွားက
တိုက်တွန်းခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အုပ်ချုပ် နေသော ဟားမာ့စ်အဖွဲ့၏ ၀န်ကြီးချုပ် အစ္စမေးလ် ဟာနီ
ယာက ကာတာစော်ဘွား ၏ လာရောက်မှုသည် အထီးကျန်ဖြစ်နေ သော ၎င်းတို့ အစိုးရအဖွဲ့
အတွက် အောင်ပွဲတစ်ရပ် ဖြစ်သောကြောင့် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ယခုခရီးစဉ်မှာ ဂါဇာကမ်းမြောင် ဒေသသို့ ၎င်း၏ ဒုတိယအကြိမ် လာရောက်မှုဖြစ်ပြီး ၁၉၉၉ ခုနှစ်
က ပထမ အကြိမ် ရောက်ရှိခဲ့ဖူးသည်။ ကာတာ စော်ဘွားက ၎င်းနှင့် ၎င်း၏ဇနီးဖြစ်သူ တို့ ဂုဏ်
ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူခဲ့သော ဂါဇာစီးတီးမြို့ရှိ အစ္စလာမ့်တက္ကသိုလ်သို့လည်း
သွား ရောက်ခဲ့သည်။

ရေနံကြွယ်ဝသည့် ကာတာနိုင်ငံ သည် ပြီးခဲ့သောလက ဂါဇာကမ်းမြောင် ဒေသ ပြန်လည်တည်
ဆောက်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၁၂၄ သန်း (ယူရို ၁၉၅ သန်း) ရင်းနှီးမြှုပ်နှံ မည်ဟု
ပြောကြားခဲ့သည်။

"ကာတာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၁၂၄ သန်းကနေ ဒေါ်လာ သန်း ၄၀၀ ထိတိုးပြီး ရင်းနှီး
မြှုပ်နှံဖို့ စော်ဘွားကြီးက သဘောတူခဲ့ပါတယ်" ဟု ဂါဇာ၏ ဟားမာ့စ်ဝန်ကြီးချုပ် အစ္စ မေးလ်
ဟာနီရာက ပြောကြားခဲ့သည်။

ထပ်တိုးထားသော ထိုငွေများကို Emir Hamad City ဟု ခေါ်သော မြို့တွင် လူနေအိမ် ၂,၀၀၀
ထပ်မံဆောက် လုပ်မည်ဖြစ်ပြီး ပြီးခဲ့သောနှစ်က အစ္စရေး နှင့် သမိုင်းဝင် အကျဉ်းသားဖလှယ်
မှုတွင် လွတ်မြောက်လာသော အကျဉ်းသား များအတွက် ဒေါ်လာ ၂၅ သန်းတန် အိမ်ရာစီ
မံကိန်းတစ်ခုကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟာနီရာက
ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင် ဒေသသို့ ၎င်းသွားရောက်မှုကို ဝေဖန် ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment