HOME

Thursday, November 1, 2012

ဆီးရီးယားနိုင်ငံ လေတပ်ဗိုလ်ချုပ်ကြီး လုပ်ကြံခံရ ..!

ဆီးရီးယားနိုင်ငံ လေတပ်ဗိုလ်ချုပ်ကြီး လုပ်ကြံခံရ
 
ဗုံးဒဏ်ခံခဲ့ရသော ဒမတ်စကတ်အရှေ့ပိုင်းဆင်ခြေဖုံးမှ အဆောက်အအုံများကိုတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဗုံးဒဏ်ခံခဲ့ရသော ဒမတ်စကတ်အရှေ့ပိုင်းဆင်ခြေဖုံးမှ အဆောက်အအုံများကိုတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဒမတ်စကတ်- ဆီးရီးယားလေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးသည် ဒမတ်စကတ် မြို့ မြောက်ပိုင်း
တွင် လုပ်ကြံခံခဲ့ရကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက အောက်တိုဘာလ ၃၀ ရက်နေ့
တွင် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်အုပ်စုများ၏ လက်ချက်ဟု ပြစ်တင်ပြောဆိုထားသည်။

ပြည်တွင်းမှ နာမည်ကျော်ပုဂ္ဂိုလ်များ နှင့် သိပ္ပံပညာရှင်များကို ဦးတည်သည့် တိုက်ခိုက်မှု
များထဲမှ တစ်စိတ်တစ်ပိုင်း အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် အုပ်စုများက လေတပ်
ဗိုလ်ချုပ်ကြီး အဗ္ဗဒူလာ မာမွတ်အယ်လ်ခါလီဒီအား ဒမတ်စကတ်မြို့ ရူခန်အယ်လ်ဒင်ရပ်
ကွက် ၌ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရုပ်သံတွင် ပြောကြားခဲ့သည်။

"သူက ဆီးရီးယားလေတပ်မှာ အတော်ဆုံး ပညာရှင်တစ်ယောက်ပါ" ဟု ၎င်းက ပြောကြား
ပြီး ယင်းဗိုလ်ချုပ်ကြီး တွင် သားသမီး လေးယောက်ရှိသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၉ ရက် ညနေပိုင်း တွင်၎င်း၏ မိတ်ဆွေအိမ်သို့ ထွက်ခွာ သွားစဉ် ပစ်
သတ်ခံရသည်ဟုဆိုသည်။ လေတပ်မှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များသည်
ဇူလိုင်လ နှောင်းပိုင်းကတည်းက သူပုန်များအား တိုက်ခိုက်သည့် တိုက်ပွဲတွင် အဓိက
အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်သည်။

ဆီးရီးယား ဂျက်လေယာဉ်တစ်စင်း သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြို့တော် ဒမတ်
စကတ်သို့ လေကြောင်းမှ ထိုးစစ်ဆင်မှုပြုလုပ်ခဲ့ပြီး ယင်းသို့ တိုက်ခိုက်ခြင်းသည် လွန်ခဲ့သည့်
၁၉ လ ကတည်းက အစပြုခဲ့သည့် နိုင်ငံ၏ ပဋိပက္ခတွင် ပထမဆုံးအကြိမ်ဖြစ်သည် ဟု
စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ ကဆိုသည်။

အတိုက်အခံတပ်များရှိရာ ဇာမယ်လ် ကာ ဆင်ခြေဖုံးအနီး ဂျိုဘာနှင့်ကပ်လျက် ဒမတ်စကတ်
အရှေ့ပိုင်းသို့ ဂျက်လေ ယာဉ်မှ ဗုံးလေးလုံး ပစ်ချခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး
စောင့်ကြည့် လေ့လာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ရာမက်ဘ်ဒယ်လ်ရာမင်က ပြောသည်။

မြို့တော်အနှံ့ ဗုံးပေါက်ကွဲမှုများကြောင့် ကျယ်လောင်သည့် ပေါက်ကွဲ သံများနှင့် ကြောက်လန့်
တကြား အော်ဟစ်သံများ ကြားနေရကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။

မကြာသေးခင် ရက်များအတွင်း နိုင်ငံအနှံ့ရှိ သူပုန်များရှိရာနေရာများသို့ လေတပ်မှ၎င်းတို့၏
လေကြောင်း တိုက်ခိုက်မှုများကို တိုးမြှင့်တိုက်ခိုက်ခဲ့သည်။

No comments:

Post a Comment