HOME

Thursday, November 8, 2012

ဆီးရီးယား သူပုန်များက လေကြောင်း အခြေစိုက် စခန်းကို တိုက်ခိုက် ..!

ဆီးရီးယား သူပုန်များက လေကြောင်း အခြေစိုက် စခန်းကို တိုက်ခိုက်
ဆီးရီးယား သူပုန်များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ မဟာဗျူဟာ အရ အရေးပါလှသော တက်ဖ်တ နာ့ဇ်လေကြောင်း အခြေစိုက်စခန်းအပေါ် အဓိက ထိုးစစ် စတင် ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း ဆီးရီးယား ဆီးရီးယား သူပုန်များက စနေနေ့တွင် ပြောဆိုခဲ့သည်။

အိုက်ဒလစ်ဘ်စီ ရင်စုမြောက်ပိုင်း လေကြောင်း စစ်အခြေစိုက် စခန်းပေါ် စော်ကား တိုက်ခိုက်မှုသည် အရုဏ်တက်အချိန်တွင် ဖြစ်ပွားခဲ့ ပြီး ညနေပိုင်းအထိအပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လူ့အခွင့် အရေးဆိုင်ရာ ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်လေ့လာရေး အဖွဲ့ကဆိုသည်။ အစိုးရတပ်ဖွဲ့များသည် အဆို ပါတိုက်ပွဲကို အပြတ်အသတ် တွန်းလှန်ခဲ့ကြောင်း၊ လက်နက်ကိုင် ၂၀ ကို အသေသတ်နိုင်ခဲ့ကြောင်း အစိုးရလိုလားသူ ရေဒီယိုဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ လေကြောင်းအခြေစိုက် စီးနင်း တိုက်ခိုက်မှုသည် သူပုန်များ အတွက် အဓိကအောင်မြင်မှုဖြစ်သည်။ အကြောင်းမှာ သူပုန်များ စီစဉ်ထားသည့်မြို့များကို ခြေမှုန်း သည့် စစ်လေယာဉ်များနှင့် ရဟတ် ယာဉ်များတိုက်ခိုက်မှုက အစိုးရ တပ်များကို ပြည်တွင်းစစ်နှုတ်ခမ်းဝ သို့ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
တက်ဖ်တာနာ့ဇ်တွင် ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲသည် ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ဆီးရီးယား အတိုက်အခံများ၏ အရေးပေါ် အစည်းအဝေးမတိုင်ခင်တစ်ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယား၏ ထင်ရှားသည့် အတိုက်အခံပေါင်းရာနှင့်ချီတက် ရောက်မည့်ငါးရက်ကြာ ကွန်ဖရင့်စ် သည် လပေါင်း ၂၀ ကြာ ဖြစ်ပွား ခဲ့သည့် ပဋိပက္ခမှု အဆုံးသတ်ရေး ကို အထောက်အကူပြုစေရန် ရှေးဦးစုစည်းမှုဖြစ်သည်ဟု သိရ သည်။ ထိုသို့လ ၂၀ ကြာပဋိပက္ခမှု တွင် အရပ်သားအများစု အပါ အဝင် လူ ၂၀ဝ၀ဝ ကျော် သေကျေ ပျက်စီးခဲ့ရသည်။ ဆီးရီးယားတင့်ကားသုံးစီး သည် အစ္စရေးဆီးရီးယား၊ နယ်စပ် ရိလန်ကုန်းမြင့်ရှိ DM2 ခေါ် စစ်မဲ့ဇုံ အတွင်းဝင်ရောက်လာခဲ့ ကြောင်း၊ အဆိုပါဒေသရှိ IDF ခေါ် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ကို လှုံ့ဆော် ပေးရာရောက်ကြောင်း IDF ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ စနေနေ့တွင် ရှင်းပြ ခဲ့သည်။ ဆီးရီးယားသံချပ်ကာ ကား နှစ်စင်းသည် အဆိုပါဇုံအတွင်း ဝင်ရောက်ခဲ့ကြောင်း အစ္စရေး မီဒီ ယာကထုတ်ပြန်ကြေညာခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီကျော်က မော်တာအမြောက်ကျည်ဆံများဖြင့် DMZ ထဲသို့ ပစ်ခတ်ခဲ့၍ အစ္စရေး ဆီးရီးယားနယ်စပ် အနီး မီးလောင်ခဲ့ ကြောင်း အဆိုပါ သတင်းတွင်ဖော်ပြ ခဲ့သည်။ အဆိုပါ ဂိုလန်ကုန်းမြင့်ကို တွင် အစ္စရေးက ဆီးရီးယားထဲမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။ နိုင်ငံ တကာအဖွဲ့အစည်းများက ထိုသို့ သိမ်းယူမှုကို အသိအမှတ် မပြုခဲ့ ကြဘဲ ၁၉၇၃ ခုနှစ်စစ်ပွဲအပြီးတွင် အဆိုပါဒေသကို စစ်မဲ့ဇုံDMZ အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment