HOME

Sunday, November 25, 2012

ဂါဇာပဋိပက္ခနှင့် ပတ်သက်၍အစ္စရေးအား အမေရိကန် ထောက်ခံကြောင်း..!

အစ္စရေးအား အမေရိကန် ထောက်ခံကြောင်း အိုဘားမား ထပ်မံ အတည်ပြု
                           
ဂါဇာပဋိပက္ခနှင့် ပတ်သက်၍ အစ္စ ရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု အား ဖုန်းခေါ်ဆိုရာတွင် အစ္စရေးနိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်ခွင့်အား အမေရိကန် အစိုးရက ထောက်ခံကြောင်း ကန်သမ္မတ ဘားရက်အိုဘား မားကထပ်မံအ တည်ပြုပြော ကြားလိုက်သည်။
"အစ္စရေးရဲ့ မိမိကိုယ်ကို ကာ ကွယ်ခွင့်အတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို သမ္မတက ထပ်မံ ပြောကြားပါတယ်။ ပါလက်စတိုင်း နဲ့အစ္စရေးပြည်သူတွေ အသက် ဆုံးရှုံးရတာကို ဝမ်းနည်းကြောင်း လည်း ပြောကြားခဲ့ပါတယ်" ဟု ခေါင်းဆောင်နှစ်ဦးကြား ပြော ကြားခဲ့သည့် စကားများကို အိမ်ဖြူတော်က ခြုံငုံဖော်ပြသည်။ ဖုန်းစတင်ခေါ်ဆိုခဲ့သော မစ္စ တာနေတန်ညာဟုက ဒုံးကျည်နှင့် မော်တာကာကွယ်ရေးစနစ် သံ ခေါင်မိုး (Iron Dome) ကာကွယ် ရေးစနစ်တွင် အမေရိကန်၏ ရင်း နှီးမြှုပ်နှံမှုကို ကျေးဇူးတင် ကြောင်းပြောကြားသည်ဟု အိမ် ဖြူတော်က ထုတ်ပြန်သည်။
ယင်းစနစ်ကြောင့် ဂါဇာမှလာသော ဒုံး ကျည် များကိုချိုးနှိမ်နိုင်ခဲ့ပြီး အစ္စ ရေးနိုင်ငံသားများစွာ အသက် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ပဋိ ပက္ခ အခြေအနေအား လျော့ပါး သွားစေရေးနည်းလမ်းများ အ ကြောင်းဆွေးနွေးခဲ့ကြောင်း အိမ် ဖြူတော်၏ထုတ်ပြန်ချက်တွင်ဖော် ပြသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။ ထိုအတောအတွင်း အစ္စရေး က ဂါဇာနှင့်နယ်စပ်အဓိကလမ်းမ ကြီးများအား ပိတ်ထားလိုက်ပြီး ယင်းနေရာများမှာ ပိတ်ပင်ထား သော စစ်ရေးဇုန်ဟု ကြေညာထား သည်။

No comments:

Post a Comment