HOME

Thursday, November 8, 2012

အစ္စလမ္မစ် ဥပဒေများ ပြဋ္ဌာန်းပေးရန် အီဂျစ် ပြည်သူ တောင်းဆို

အစ္စလမ္မစ် ဥပဒေများ ပြဋ္ဌာန်း..!ပေးရန် အီဂျစ် ပြည်သူ တောင်းဆို

အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့လယ်ရှိ တာရီပန်းခြံတွင် သောကြာနေ့က အီဂျစ် ပြည်သူ ရာပေါင်း များစွာ တို့ စုဝေးကြကာ အစ္စလာမ်မစ် ဥပဒေ ' ရှာရီယာ'ကို ကျင့်သုံးပြဋ္ဌာန်းပေးရန် မေတ္တာရပ်ခံ ခဲ့ကြသည်။
အီဂျစ် ပြည်သူများစုဝေးသည့်တာရီ ပန်း ခြံသည် ပြီးခဲ့သည့်နှစ်ကယခင် အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့သည့် လူထု ဆန္ဒပြပွဲကြီးဖြစ်ပေါ်ရာနေရာ ဖြစ် သည်။ အီဂျစ်အလံများကိုင်ဆောင် လာသော ဆန္ဒပြကန့်ကွက်သူများ သည် " အာလာဥပဒေတွေကို လူထုက ကျင့်သုံးချင်တယ်" ဟု တစ်မျိုး၊ " အစ္စလမ္မစ် ဆိုတာဖြေရှင်း တဲ့နည်းလမ်းပါပဲ" ဟု တစ်ဖုံြွေကးကြော်အော်ဟစ်ခဲ့ကြ သည်။ စီးပွားရေးနှင့် ဘဏ်စနစ် အပါအဝင် နယ်ပယ်အသီးသီးရှိ အတည်ပြုထားသော ရှာရီယာ ပြဋ္ဌာန်းချက်များ တောင်းဆိုထား သည့် စာရွက်ငယ်များကို ၄င်း လူထုက ဖြန့်ဝေပေးခဲ့သည်။
သောကြာနေ့ ဆန္ဒပြပွဲများ တွင် ရှာရီယာကျောင်းသားများက ဦးဆောင်ပါဝင်ခဲ့ကြောင်း၊ လာမည့် သောကြာနေ့တွင် ရှာရီယာပြဋ္ဌာန်း ချက်များကို ကျင့်သုံးပေးရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ သစ်ပြင်ပေးရန် လူတစ်သန်းချီ တက် ဆန္ဒပြကြမည်ဖြစ်ကြောင်း အစ္စလမ္မစ် လှုပ်ရှားမှု အဖွဲ့ ၂၀ ကျော်က ကြေညာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရန် တာဝန်ယူထားသည့် တိုင်းပြု ပြည်ပြုလွှတ်တော်အနေဖြင့် ဒီဇင် ဘာလ ၁၂ ရက်နေ့မတိုင်မီတွင် ဥပဒေနောက်ဆုံးမူကြမ်းကို အပြီး သတ်နိုင်မည်ဖြစ်ကြောင်း မျှော်လင့် ထားကြသည်။
အဆိုပါ တိုင်းပြု ပြည်ပြု လွှတ်တော်ရှိ လွတ်လပ်သော ကြီး ကြပ်ရေးကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများနောက် ဆုံးဖတ်ရှုမှုကို အပြီးသတ်လုနီးပါး ဖြစ်ကြောင်း၊ ၄င်းပုဒ်မများကို တနင်္ဂနွေနေ့တွင် အထွေထွေညီလာ ခံ၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် MENA သတင်း ဌာနက ထုတ်ပြန်ကြေညာထား သည်။

No comments:

Post a Comment