HOME

Thursday, November 1, 2012

အီရန်စစ်သင်္ဘောနှစ်စင်းဆူဒန်ဆိပ်ကမ်း ဆိုက်ကပ် ...!

အီရန်စစ်သင်္ဘောနှစ်စင်းဆူဒန်ဆိပ်ကမ်း ဆိုက်ကပ်

ဆူဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အီရန်နိုင်ငံ၏ ရဟတ်ယာဉ်တင်သင်္ဘော။ ဓာတ်ပုံ - အေအက်ဖ်ပီဆူဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အီရန်နိုင်ငံ၏ ရဟတ်ယာဉ်တင်သင်္ဘော။ ဓာတ်ပုံ - အေအက်ဖ်ပီ

ခါတွမ် (ဆူဒန်) - ဆူဒန်နိုင်ငံသို့ အီရန် စစ်သင်္ဘောနှစ်စင်း လာရောက် လည်ပတ်ခြင်းသည်
နှစ်နိုင်ငံကြား ခိုင်မာသော ဆက်ဆံရေးကို ပြသနေ သည်ဟု ဆူဒန်စစ်ဘက်က အောက်တို
ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ပြီး ဆူဒန်နိုင်ငံ လက်နက်ထုတ်လုပ်ရေး တွင် အီရန်ပါ
ဝင်ပတ်သက်နေသည် ဆိုသော ပြောဆိုချက်များကိုမူ မဟုတ်မှန်ဟု ငြင်းဆိုသည်။

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မြို့လယ် ကောင်ရှိ ယာမောက် စစ်ဘက်စက်ရုံကို အောက်တိုဘာ
လ ၂၃ ရက်နေ့ သန်းခေါင်ယံအချိန်တွင် ရေဒါ ရှောင် ရှားနိုင်သော စစ်လေယာဉ်လေးစင်းကို
အစ္စရေးက စေလွှတ်ပြီး ဗုံးကြဲတိုက်ခိုက် စေခဲ့သည်ဟု ဆူဒန်က အစ္စရေးကို စွပ်စွဲသည်။

စက်ရုံဝင်းကြီးတစ်ခုလုံး ပေါက်ကွဲ မီးလောင်သွားခဲ့ရာ ထိုစက်ရုံအတွင်း အီရန်စစ်လက်နက်
ပစ္စည်းများ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်းပြုလုပ် နေသည်ဟု ယူဆရသည်။

ဆူဒန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယာမောက်စက်ရုံတွင် အီရန် ပါဝင် ပတ်သက်မှုမရှိဟု ငြင်း
ဆိုပြီး အစ္စရေးက လုပ်ကြံ သတင်းဖြန့်ခြင်းသာဖြစ်သည် ဟုဆိုသည်။

လွန်ခဲ့သော ဩဂုတ်လအတွင်းက ဆူဒန်သမ္မတ အိုမာ အယ်လ်ဘာရှား သွားရောက်လည်
ပတ်စဉ် အီရန်နှင့် ဆူဒန်အကြား ဆက်ဆံရေးသည် နက်ရှိုင်းမှုရှိသည်ဟု ပြောခဲ့ဖူးသည်။

အီရန် စစ်သင်္ဘောများဖြစ်သော ရဟတ်ယာဉ်တင် သင်္ဘော Kharg နှင့် ဖျက်သင်္ဘော
Admiral Naqdi တို့သည် ဆူဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းသို့ အောက်တိုဘာလ ၂၉ ရက်
နေ့တွင် ဆိုက်ရောက်လာခဲ့ပြီး ၃၁ ရက်နေ့အထိ နေမည်ဟု သိရသည်။

အီရန်စစ်သင်္ဘောနှစ်စင်း လာရောက် လည်ပတ်ခြင်းသည် နှစ်နိုင်ငံကြား နိုင်ငံရေး၊ လုံခြုံရေး
နှင့် သံတမန်ဆက်ဆံ ရေးများကို ပိုမိုအားကောင်းစေပြီး ဆူဒန်ရေတပ်ဖွဲ့ဝင်များအဖို့ ခေတ်မီ
လက်နက်ပစ္စည်းများနှင့် ခေတ်မီ သင်္ဘောများကို မျက်မြင် လေ့လာ ကြည့်ရှုခွင့်ရမည်ဟု
ဆူဒန် စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဆူဒန်နိုင်ငံသို့ ပါကစ္စတန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့မှရေတပ်စစ်သင်္ဘောများလည်း လာ
ရောက်လည်ပတ်ဖူးသည်ဟု ၎င်းက ပြောသည်။ ဆူဒန်၏ စွပ်စွဲချက်များကို အစ္စရေး က
ငြင်းဆိုသည်။

သို့သော် အစ္စရေး စစ်ဘက်ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်သော အေမို့စ်ဂီလက်က ဆူဒန်နိုင်ငံ
သည် အီရန် စစ်လက်နက်များကို အီဂျစ်ပိုင်နက်ကိုဖြတ်၍ ဟားမာ့စ် စစ်သွေးကြွများနှင့်
အစ္စလမ္မစ် ဂျီဟတ် အကြမ်းဖက်သမားများထံ ပို့ဆောင် ရာတွင် လမ်းကြောင်းသဖွယ်
တစ်ဆင့်ခံ ဆောင်ရွက်ပေးနေသည်ဟု လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောကြားရာတွင် ပေါက်ကွဲမှု
ဖြစ်ပေါ်ခဲ့သော နေရာမှ တွင်းကြီးများမှာ လေကြောင်းမှ ပစ်လွှတ်သော ဗုံးများကြောင့်
ဖြစ်ပေါ်လာသော တွင်းဝကြီးများနှင့် တူသည်ဟုဆိုသည်။

No comments:

Post a Comment