HOME

Tuesday, November 27, 2012

အီဂျစ်သမ္မတမော်စီက သူ့ကိုယ်သူ တိုးမြှင့်ပေးအပ်...!

တိုင်းပြည်အတွက်ပဲ အကြွင်းမဲ့အာဏာသုံးဖို့ အီဂျစ်သမ္မတက တရားသူကြီးတွေကို အာမခံ  


by ဗွီအိုအေ (မြန်မာဌာန)



အီဂျစ်သမ္မတ မိုဟာမက်မော်စီက သူ့ကိုယ်သူ တိုးမြှင့်ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာကို နိုင်ငံရဲ့ အချုပ်အခြာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာသာ အသုံးပြုမှာဖြစ်ကြောင်း ထိပ်တန်းတရားသူကြီးတွေကို ကတိပေးလိုက်ပါတယ်။

အီဂျစ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးတရားရေးကောင်စီနဲ့ တနင်္လာနေ့ တွေ့ဆုံချိန်မှာ သမ္မတမော်စီက အခုလိုပြောဆိုလိုက်တာ ဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရသူ Yassar Ali က ပြောပါတယ်။ သမ္မတမော်စီအနေနဲ့ အကြွင်းမဲ့အာဏာ ရရှိထားမှာဖြစ်ပြီး နိုင်ငံရဲ့အချုပ်အခြာနဲ့ သက်ဆိုင်တဲ့ကိစ္စ ဆိုတဲ့အပေါ်မှာ အဓိပ္ပယ်ဖွင့်ဆိုထားခြင်းမရှိပါဘူး။

မိုဟာမက်မော်စီဟာ နိုင်ဝင်ဘာလ ၂၂ ရက်နေ့တုန်းက သူ့ကိုယ်သူ အာဏာတွေ တိုးမြှင့် ပေးအပ်ခဲ့ တာပါ။ အဲဒီအမိန့်အာဏာအရ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို တရားဥပဒေအရ ဟန့်တားခွင့် မရှိစေရပါဘူး။ သမ္မတရဲ့အာဏာ တိုးမြှင့်ထားမှုကို ရုပ်သိမ်းပေးဖို့အတွက် အတိုက်အခံ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူတွေက အင်္ဂါနေ့ ကိုင်ရိုမြို့မှာ ဆန္ဒထုတ်ဖော်ပြသဖို့ မြို့လည် တာဟီရာရင်ပြင်မှာ စုရုံးကြ ဖို့ နှိုးဆော်ထားပါတယ်။


No comments:

Post a Comment