HOME

Friday, November 9, 2012

ဆူပူမှု အဆုံးသတ်ရေး လက်ဘနွန် စစ်တပ် ပြတ်သားစွာ ဆောင်ရွက်....!

ဆူပူမှု အဆုံးသတ်ရေး လက်ဘနွန် စစ်တပ် ပြတ်သားစွာ ဆောင်ရွက်
ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ မတည်ငြိမ်မှုများကို ထိရောက်စွာ နှိမ်နင်းသွားမယ်လို့ လက်ဘနွန် စစ်တပ်က ပြောလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း တာဝန်ရှိဖြစ်သူ တစ်ဦး လုပ်ကြံခဲ့ရပြီးတဲ့နောက် ဘေရွတ်မြို့ တောင်ပိုင်းမှာ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ ရုတ်ရင်းဆန်ခတ်မှုတွေအတွင်း လူခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။
မြို့တော်က Kaskas အရပ်မှာ အခြေအနေကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားတဲ့အနေနဲ့ ဆွန်နီနဲ့ ရှီးယားရပ်ကွက်တွေကြားမှာ စစ်သားတွေနဲ့ တင့်ကားတွေကို တနင်္လာနေ့က ချမှတ်ထားခဲ့ပါတယ်။ ထရီပိုလီမြို့တော် မြောက်ဘက်မှာ သီးခြားဖြစ်တဲ့ တိုက်ခိုက်မှုတစ်ခု အတွင်းမှာတော့ လူတစ်ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရုတ်ရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ နောက်ထပ် အဓိကရုဏ်းတွေဖြစ်အောင် မီးထိုးသလိုမျိုး မဖြစ်မိစေဖို့ လူထုကြားမှာ ပြောဆိုတာတွေကို သတိထားကြဖို့ စစ်ဘက်က တိုက်တွန်းခဲ့ပါတယ်။ ဒေသတွင်းမှာ ပြဿနာအတွက် အဖြေရှာတဲ့ နေရာတစ်ခုအဖြစ် လက်ဘနွန်နိုင်ငံကို နောက်တစ်ကြိမ် အသွင်ပြောင်းပစ်မယ့်အရေး တားဆီးကာကွယ်ဖို့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ တိုးဖြစ်နေတဲ့ ဒေသတွေမှာ စစ်ဘက်က ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

No comments:

Post a Comment