HOME

Thursday, November 8, 2012

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က / ကာကွယ်ရေးဝန်ကြီးကို ရာထူးဖြုတ် .!

ရုရှားကာကွယ်ရေးဝန်ကြီးကို သမ္မတက ရာထူးဖြုတ်

ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာသူ ဆာဂေရွှိုင်ဂူးကို သမ္မတပူတင်နှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာသူ ဆာဂေရွှိုင်ဂူးကို သမ္မတပူတင်နှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ



မော်စကို - ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ ကာကွယ်ရေးဝန်ကြီးကို လာဘ်စားသည့်
သတင်းနှင့်ပတ်သက် ပြီး နိုဝင်ဘာလ ၆ ရက်နေ့က ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ယင်းမှာ သမ္မတ ပူတင်ကို မလိုလားမှုများ တိုးမြင့်နေ သည့်ကြားက တတိယအကြိမ်မြောက်
သမ္မတသက်တမ်းအဖြစ် ပြန်လည်ရွေး ကောက်ခံရပြီးကတည်းက အစိုးရအဖွဲ့ အတွင်း သိသာ
ထင်ရှားမှုအရှိဆုံး ပြောင်းလဲမှုဖြစ်သည်။

ပြည်သူလူထုက ကြိုက်နှစ်သက်ခြင်း မရှိသော်လည်း ရုရှားအစိုးရက ထောက်ခံသော စစ်
ရေးပြုပြင်ပြောင်း လဲမှုတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကာကွယ်ရေး
ဝန်ကြီး အနာတိုလေ ဆာဂျူးကော့ဗ်၏ နေရာ တွင် မော်စကိုဒေသ အုပ်ချုပ်ရေးမှူးနှင့် အ
ရေးပေါ်အခြေအနေများ ဖြေရှင်းရေး ၀န်ကြီးဌာန ၀န်ကြီးဟောင်း ဆာဂေ ရွှိုင်ဂူးကို အစား
ထိုးခန့်အပ်ခဲ့သည်။

သမ္မတပူတင်၏ အကြွင်းမဲ့ထောက်ခံ မှုကိုရရှိခဲ့သော အစိုးရထိပ်တန်း အရာရှိတစ်ဦးကို ထို
သို့ ရာထူးမှထုတ် ပယ်လိုက်ခြင်းသည် ပူတင်၏ ရုရှားနိုင်ငံ တွင် ၁၃ နှစ် နီးပါး အုပ်ချုပ်ခဲ့
သော ကာလအတွင်း အဆိုးဆုံးနိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အတွက်
ထိပ်တန်းအရာရှိများ အသိုင်း အ၀ိုင်းတွင် စိုးရိမ်စိတ် သွတ်သွင်းပေးရန် ရည်ရွယ် လုပ်ဆောင်
ခဲ့ခြင်းဖြစ်ကြောင်း ဆန်းစစ်လေ့လာသူ အတော်များများ ကဆိုသည်။

ရုရှားနိုင်ငံ၏ နျူကလီးယားပစ်လွှတ် နိုင်သည့် သင်္ကေတ ကုတ်နံပါတ်များကို သိခွင့်ရှိသူ သုံး
ဦးအနက်မှ တစ်ဦးဖြစ်သည့် ဆာဂျူးကော့ဗ်ကို ရာထူးမှထုတ် ပယ်ခဲ့ပြီးနောက် သမ္မတပူတင်
က "ထိုမှသာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ကုမ္ပဏီတစ်ခုတွင် ဒေါ်လာ သန်း ၁၀၀ ဖိုးအလွဲ
သုံးစားလုပ်သည် ဟုသံသယရှိမှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း"
ပြောကြား ခဲ့သည်။

ယခင်က ပရိဘောဂ အရောင်း ၀န်ထမ်းတစ်ဦးဖြစ်ပြီး ထိုမှတစ်ဆင့် ရုရှား အခွန်အာဏာပိုင်အ
ဖွဲ့ အကြီး အကဲဖြစ်လာသူ ဆာဂျူးကော့ဗ်သည် ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု နောက်
ပိုင်း ၂၀၀၇ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ပထမဆုံး တာဝန်ပေးအပ်ခြင်း
ခံရသော အရပ် သား တစ်ဦးဖြစ်သည်။

၎င်းသည် ရုရှားဒုတိယ၀န်ကြီးချုပ် ဟောင်းနှင့် သမ္မတပူတင်၏ ရှေးယခင် ကတည်းက မဟာ
မိတ်တစ်ဦးဖြစ်သည့် ဗစ်တာ ဇူးကော့ဗ်၏ သမက်လည်း ဖြစ်သည်။

၎င်း၏ စစ်ဘက်ဆိုင်ရာ အရည် အချင်းညံ့ဖျင်းမှုနှင့် အငြင်းပွားဖွယ် စစ်ရေးပြုပြင်ပြောင်းလဲ
သည့် အစီအစဉ် ကြောင့် စစ်တပ်ကို အလုံးစုံပြုပြင် ပြောင်းလဲရေးအား ပြီးမြောက်ရန် ကြိုး
စားနေသော ဆာဂျူးကော့ဗ်သည် ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြက်ရယ် ပြုမှုများခံခဲ့ရ
သည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment