- 16 November 2012 |
- By First Music News
ကိစ္စကို ဟားမက်စ် အရာရှိ တစ်ဦးက အင်္ဂါနေ့တွင် ပယ်ချ ခဲ့သည်။ ဆီးရီးယားနိုင်ငံရေး အခြေအနေ ဆိုးရွားနေသည့်တိုင် မိမိ တို့၏ရပ်တည်မှုသဘောထားကို ပြောင်းလဲမည် မဟုတ်ကြောင်း ဂါဇာ အခြေစိုက် ဟားမက်စ်အရာရှိတစ်ဦး ဖြစ်သော မိုဟာမက်ဇာဟာက ပြော ကြားခဲ့သည်။
ဟားမက်စ်ခေါင်းဆောင် ခါလက်မာရှယ်၏နေအိမ်နှင့် ဒမာစ ကက်မြို့အခြေစိုက် ဟားမက်စ်ရုံးအား လုံးကို ဆီးရီးယားအာဏာပိုင်များက ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်း ရင်းမြစ်များက စင်ဟွာသို့ တနင်္လာနေ့ တွင် ပြောကြားခဲ့ပြီးနောက် ဇာဟာက ယင်းသို့ ငြင်းဆိုလိုက်ခြင်းလည်းဖြစ် သည်။
“အရေးကြီးဆုံးကိစ္စက ဆီးရီး ယားရောက်နေတဲ့ ပါလက်စတိုင်းပြည် သူတွေကို အဖွဲ့အစည်း အားလုံးက ကာကွယ်ပေးဖိုပါပဲ။ ဆီးရီးယားပြည် တွင်းရေးပြဿနာမှာ သူတို့ပါဝင်ခြင်း မရှိအောင် ကျွန်တော်တို့ထိန်းပေးဖို့ လိုပါတယ်”ဟု ဆီးရီးယားရောက် ပါ လက်စတိုင်းဒုက္ခသည်ထောင်ပေါင်း များစွာကို ရည်ညွှန်းကာ ဇာဟာက ပြောကြားခဲ့သည်။
သမ္မတ ဘက်ရှာအာဆက် အား ဆန့်ကျင် နေကြသည့် ဆီးရီးယား ပြည်သူများကို ထောက်ခံကြောင်း ဂါဇာရှိ ဟားမက်စ်ဝန်ကြီးချုပ် အစ္စ မေးလ်ဟန်နေယာ က ကြေညာခဲ့ပြီး နောက် ဟားမက်စ်နှင့် ဆီးရီးယားတို့ အကြား ဆက်ဆံရေး တင်းမာခဲ့သည်။
Ref:Xinhua

No comments:
Post a Comment