HOME

Thursday, November 22, 2012

သမ္မတ နုတ်ထွက်ပေးရန် ဂျော်ဒန် ပြည်သူများ ဆန္ဒပြတောင်းဆို ..!

သမ္မတ နုတ်ထွက်ပေးရန် ဂျော်ဒန် ပြည်သူများ ဆန္ဒပြတောင်းဆို
 
ဂျော်ဒန်နိုင်ငံ၏ မြို့တော် အမ္မန်မြို့ တွင် လူထောင်ပေါင်း များစွာ တို့သည် သမ္မတအက်ဗ်ဒူလာကို ရာထူးမှ နုတ် ထွက်ပေးရန် အတွက် လမ်းမများပေါ် ထွက်၍ ဆန္ဒပြ ခဲ့ကြသည်။ သမ္မတအား ရာထူးမှ နုတ်ထွက်ပေး၇န် တောင်းဆို ဆန္ဒပြမှုမှာ ဂျော်ဒန်နိုင်ငံ သမိုင်းတွင် ဖြစ် လေ့ဖြစ်ထ မရှိခဲ့ပေ။ ဆန္ဒပြသူသုံးထောင်ခန့်သည် မြို့တော်အတွင်း သောကြာနေ့က စုရုံး ခဲ့ကြပြီး သမ္မတအဖွဲ့ကို ဖြုတ်ချပေး၇န် တောင်းဆိုခဲ့ကြသည်။


လွန်ခဲ့သောနှစ် အိမ်နီးချင်းနိုင်ငံ များတွင် အာရပ်နွေဦး တော်လှန်ရေး များ ပေါ်ပေါက်လာခဲ့ပြီး နောက် ဂျော်ဒန်နိုင်ငံအတွင်း ကုန်ဈေး နှုန်းမြင့်တက်မှုနှင့် အလုပ်လက်မဲ့ လူဦး ရေတိုးပွားလာမှုတို့ကြောင့် မကြာခဏ ဆန္ဒပြမှုများဖြစ်ပွားလာခဲ့သည်။
ယခု ဆန္ဒပြပွဲ များသည် အစိုးရမှ ယခု အပတ် အတွင်း လောင်စာဆီဈေးနှုန်း ထက် ဝက် တိုးမြှင့်၇န် ထုတ်ပြန်ကြေညာ ခဲ့ခြင်းကြောင့်ဖြစ်သည်။ အစိုးရအဖွဲ့မှ နိုင်ငံတော်ဘဏ္ဍာငွေလိုပြမှုနှင့် နိုင်ငံခြား ချေးငွေအခက်အခဲများကြောင့် လောင် စာ ဈေးနှုန်းကို တိုးမြှင့်ရခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးထားသည်။

No comments:

Post a Comment