HOME

Thursday, November 22, 2012

အီရန်နိုင်ငံက ဆီးရီးယားအရေး အလေးပေးဆွေးနွေး

အီရန်နိုင်ငံက ဆီးရီးယားအရေး အလေးပေးဆွေးနွေး
 
 
ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေး ဆိုင်ရာ အစည်းအဝေးပွဲ တစ်ရပ်ကို အီရန် နိုင်ငံ၏ မြို့တော် တီဟီရန်တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သည်။ အဆိုပါ အစည်း အဝေးသို့ ဆီးရီးယားမျိုး နွယ်စု နိုင်ငံရေးကိုယ်စားလှယ် ၂၀ဝ ကျော်နှင့် အတိုက်အခံ အဖွဲ့အစည်း အချို့တို့သည် ဆီးရီးယားနိုင်ငံ အစိုးရ အဖွဲ့ဝင် ကိုယ်စား လှယ်များ၊ ပါလီမန် အမတ်များနှင့် အတူ တက်ရောက် ခဲ့ကြသည်။
၎င်းအစည်းအဝေးပွဲတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး အလီအဘာ သည် ဆီးရီးယားနိုင်ငံ၏ လက်ရှိဆိုးရွား နေသော အခြေအနေမှ ပြောင်းလဲတိုး တက်လာစေမည့် ခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။
ကနဦးအစ တွင် ဆီးရီးယားရှိ အစ္စလာမ်မစ်(စ်) များမှ ဆီးရီးယားနိုင်ငံကို နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှုများအား ပြင်းထန် စွာ တုန့်ပြန်ခဲ့သည်။ ယခု ကျင်းပလျက် ရှိသော အစည်းအဝေးပွဲသည် ဆီးရီး ယားနိုင်ငံ၏ အချုပ်အချာအာဏာ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည် ငြိမ်အေးချမ်းရေး၊ လူမျိုးစုများအကြား ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုများ အတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည် ကို ဆီးရီးယားအနေဖြင့် အသိအမှတ် ပြုသင့်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး အလီအဘာဆဟိုင်းမှ ပြော ကြားခဲ့သည်။
နိုင်ငံတကာ အင်အား ကြီးနိုင်ငံများ၏ ဆီးရီးယားပဋိပက္ခ အပေါ် အရေးယူဆောင်ရွက်နေချိန် အီရန်အနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ များတွင် တည်ငြိမ်အေးချမ်းမှုရရေး အတွက် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဆဟိုင်းမှ ပြောကြားခဲ့သည်။

No comments:

Post a Comment