HOME

Wednesday, November 28, 2012

အစ္စရေးနှင့် ပါလက်စ္စတိုင်း စစ်သွေး ကြွများ အကြား အပစ် အခတ် ရပ်စဲသဘော တူညီ ချက် ရရှိ .!

အစ္စရေးနှင့် ပါလက်စ္စတိုင်း စစ်သွေး ကြွများ အကြား အပစ် အခတ် ရပ်စဲသဘော တူညီ ချက် ရရှိ  
 
 
 
၈ ရက်ကြာမြင့်လာပြီ ဖြစ်သည့် တိုက်ခိုက်မှုများ အဆုံးသတ်ပြီး အပစ် အခတ် ရပ်စဲမှု သဘောတူညီချက် ကို အစ္စရေးနှင့် ဂါဇာ ကမ်းမြောင် ဒေသမှ ပါလက်စ္စတိုင်း စစ်သွေြးွက ဟားမက်စ်အုပ်စုအကြား သဘောတူ ညီမှု ရရှိခဲ့ပြီဟု အီဂျစ်နိုင်ငံခြားရေးဝန် ကြီး မိုဟာမက်ကာမဲလ်အမ်မာက ကိုင် ရိုမြို့တော်တွင် ဗုဒ္ဓဟူးနေ့ နေ့လယ်က ထုတ်ပြန်ကြေညာခဲ့သည်။ အပစ်အ ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် အီဂျစ်က ကြားဝင်စေ့ စပ်ပေး ခဲ့ခြင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ဂါဇာဒေသစံတော် ချိန် ည ၉နာရီတွင် အပစ်အခတ်ရပ်စဲ ခဲ့ကြကြောင်း သိရသည်။
အီဂျစ်သို့ အလည်အပတ်ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီ လာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ပူးတွဲသတင်းစာ ရှင်းလင်း ပွဲတစ်ရပ်ပြုလုပ်စဉ် အပစ်အခတ်ရပ် စဲမှုကို အမ်မာက ကြေညာခဲ့ခြင်း ဖြစ် သည်။ ဒေသတွင်း ငြိမ်းချမ်းရေးရရှိ ရန် အီဂျစ်သမ္မတ မိုဟာမက်မော်ဆီ၏ ကြိုးပမ်းအားထုတ်မှုများကို ကလင် တန်က ချီးကျူးစကားဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုက ဗုဒ္ဓဟူးနေ့ ညနေတွင် အတည်ပြုခဲ့ပြီး နိုင်ငံခြား ရေးဝန်ကြီး အဗစ်ဒါလီဗာမန်၊ ကာ ကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်တို့ နှင့်အတူ Operation Pillar of Defense စစ်ဆင်ရေးပြီးဆုံးကြောင်း ကြေညာရန် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
"ဒီအချိန် ဟာ အစ္စရေးအတွက် အပစ်အခတ် ရပ်စဲအောင် ဆောင်ရွက်ရမယ့် အချိန် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ ပြောချင်တာက အစ္စရေးနိုင်ငံ အတွက် မှန်ကန်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းကြဖို့ပါပဲ။ စစ်ရေးဆင်နွှဲ မှုကို ကျွန်တော်တို့ကွပ်မျက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သံတမန်နည်းအရ အဖြေ ရှာဖို့ ကျွန်တော်တို့ တံခါးဖွင့်ထားပါ တယ်"ဟုနေတန်ယာဟုက ပြောကြား ခဲ့ပါတယ်။ တိုက်ခိုက်မှုများ ဖြစ်ပွားစဉ် အတွင်း ပါလက်စ္စတိုင်းအရပ်သား ၁၅၈ဦးသေဆုံးပြီး ၁၂၀ဝ ဒဏ်ရာ ရရှိ ခဲ့ရာ အများစုမှာ ကလေးငယ်များ ဖြစ် သည်။ အစ္စရေးဘက်မှ အရပ်သား ၄ ဦးနှင့် စစ်သားတစ်ဦးအပါအဝင် အား လုံး ၅ဦးတွင် ရော့ကက်များ တိုက်ရိုက် ထိမှန်ခဲ့၍ ဒဏ်ရာပြင်းပြင်း ထန်ထန် ရခဲ့ကြသည်။
Ref:Xinhua

No comments:

Post a Comment