HOME

Tuesday, September 21, 2021

လေးငယ်တစ်ဦး နာရေးမှာ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်သားတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွား သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ အရင်ရက်က အသတ်ခံရတဲ့ ပါလက်စတိုင်း ယောက်ကျားလေးတစ်ဦးရဲ့ နာရေးမှာ အစ္စရေးစစ်သားတွေနဲ့ ပါလက်စတိုင်းတွေကြား ကြာသပတေးနေ့က ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်တယ်လို့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။ ဟီဘရွန်းမြို့က အနောက်မြောက်ဖက် အနောက်ဖက်ကမ်း ဘိုက်အူးမားမြို့မှာ ဖခင်ဖြစ်သူနဲ့အတူ ကားမောင်း ခရီးသွားနေတဲ့ အသက် ၁၂ အရွယ် မိုဟာမတ်အယ်အယ်လာမီဟာ အစ္စရေးစစ်သားတွေ ပစ်ခတ်လို့ ဗုဒ္ဓဟူးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ကြာသပတေးနေ့မှာတော့ ဒီ ကလေးငယ်အလောင်းကို ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်ပါတီ Fatah ပါတီရဲ့ အလံလွှမ်းခြုံပြီး ဘိုက်အူးမားမြို့လမ်းတွေတစ်လျှောက် စီတန်းလှည့်လည်ပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ ဒီနောက်မှာ ပါလက်စတိုင်းရာပေါင်းများစွာဟာ အစ္စရေးစစ်သားတွေဆီ ခဲတွေနဲ့ ပစ်ပေါက်လာကြပြီး အစ္စရေးစစ်သားတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ တုံ့ပြန်ပစ်ခတ်ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောပါတယ်။ အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်မှာ ဗုဒ္ဓဟူးနေ့က ဘိုက်အူးမား စစ်ဆေးရေးဂိတ်အနီးမှာ ကားတစ်စီးထဲက ထွက်လာကြတဲ့ အမျိုးသားတွေဟာ မြေကြီးကို တူးဆွကြပြီး ထွက်ခွာသွားတာကို သိရှိသတိထားမိကြောင်း ဖော်ပြပါတယ်။ အဲဒီ ဧရိယာတစ်ဝိုက်ကို စစ်ဆေးရာမှာ အိတ်နှစ်အိတ် တွေ့ရှိပြီး တစ်အိတ်က မွေးကင်းစကလေးငယ် ရုပ်အလောင်း ထည့်ထားတာကို တွေ့ရှိတယ်လို့ အစ္စရေးစစ်တပ် ထုတ်ပြန်ချက်က ဆိုပါတယ်။ နောက်ပိုင်းမှာ အဲဒီ ကားကို စစ်သားတွေက ထပ်တွေ့ရတာကြောင့် စံချိန်စံညွှန်း လုပ်ထုံးတွေနဲ့အညီ ကားကို ရပ်ခိုင်းဖို့ ကြိုးစားပြီး အော်ဟစ်ရပ်ခိုင်းတာ၊ မိုးပေါ် သေနတ်ထောင်ပစ် သတိပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ “အဲဒီ ကားက မရပ်တာကြောင့် စစ်သားတစ်ဦးက ကားရပ်သွားအောင် ဘီးတွေဆီ လှမ်းပစ်ခဲ့တာ ဖြစ်တယ်”လို့ စစ်တပ်က ပြောပါတယ်။ “ဒီ ပစ်ခတ်မှုမှာ ပါလက်စတိုင်း ယောက်ကျားလေးငယ် သေဆုံးရပါတယ်ဆိုတဲ့ အတည်ပြုပြောဆိုချက်ကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပြီး ဒီ ဖြစ်ရပ်ကို အကြီးတန်း ကွပ်ကဲရေးအရာရှိတွေက ပြန်လည်သုံးသပ်နေတယ်လို့ ဖြည့်စွက်ဆိုထားပါတယ်။ အယ်လာမီဟာ ရက်ပိုင်းအတွင်းမှာ အစ္စရေးက ပစ်ခတ်လို့ သေဆုံးရတဲ့ ဒုတိယမြောက် ပါလက်စတိုင်း ငယ်ရွယ်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က မိုဟမတ်တာမီမီဆိုသူ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးထားခဲ့တာလည်း ဖြစ်ပါတယ်။

 











အစ္စ‌ရေးအကျဥ်းထောင်ကနေ ပါလက်စတိုင်း ၆ ဦး လိုဏ်ခေါင်းတူးပြီး ထွက်ပြေးလွတ်မြောက် အစ္စရေးနိုင်ငံရဲ့ အကျဥ်းထောင်တစ်ခုကနေ ပါလက်စတိုင်း ခြောက်ဦး လိုဏ်ခေါင်းတူးပြီး စက်တင်ဘာ ၆ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ လူသိများတဲ့ စစ်‌သွေးကြွတစ်ဦး အပါအဝင် အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူ ခြောက်ဦးဟာ အကျဥ်းထောင်တွင်း လက်ဆေးကန်တစ်ခုရဲ့ အောက်ခြေမှာ လိုဏ်ခေါင်းတစ်ခု တူးပြီးတော့ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ၎င်းတို့ကို အစ္စရေးတာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပါတယ်။ နိုင်ငံ မြောက်ပိုင်း ဂီလ်ဘိုအာ အကျဥ်းထောင်အပြင်ဘက်မှာ “မသင်္ကာဖွယ် လူတွေ” ကို ဒေသခံတွေက တွေ့ရှိခဲ့ပြီးနောက် မနက် ၃ နာရီလောက်မှာ သတိပေးချက် ထုတ်ခဲ့ရတာဖြစ်ကြောင်း အစ္စရေး အကျဥ်းထောင် ဦးစီးဌာန (IPS) က ပြောပါတယ်။ အကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းရှိ ဂျီနင်မြို့က လူသိများတဲ့ စစ်သွေးကြွ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဇာကာရီရာ ဇူဘေဒီလည်း ပါဝင်တယ်လို့ IPS က ပြောပါတယ်။ ရှာဖွေမှုမှာတော့ ရဲ၊ စစ်တပ်နဲ့ အစ္စရေး ပြည်တွင်းလုံခြုံရေး အေဂျင်စီရဲ့ အေးဂျင့်တွေ ပူးပေါင်းပြီး ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂီလ်ဘိုအာ အနီးဝန်းကျင် ဧရိယာမှာ အနံ့ခံ ခွေးတွေ ဖြန့်ကျက်ထားပြီး စစ်ဆေးရေးဂိတ်တွေ ထားရှိထားတယ်လို့ သိရပါတယ်။ IPS က ထုတ်ပြန်ဖော်ပြခဲ့တဲ့ ဗီဒီယိုထဲမှာ အစ္စရေးတာဝန်ရှိသူတွေက အကျဥ်းထောင်တွင်း လက်ဆေးကန်တစ်ခုအောက် မြေအောက်ထဲ တူးထားတဲ့ ကျဥ်းမြောင်းတဲ့ လိုဏ်ခေါင်းတစ်ခုကို စစ်ဆေးနေတာကို မြင်တွေ့ခဲ့ရပြီး ယင်းရုပ်သံဗီဒီယိုကတော့ အထင်ကရ ၁၉၉၄ အကျဥ်းထောင်ဖောက်ဇာတ်ကား “The Shawshank Redemption” ကိုတောင် ပြန်ပြောင်းအမှတ်ရစေခဲ့ပါတယ်ရှာဖွေရေးရဲ့ တစိတ်တဒေသအနေနဲ့ အစ္စရေးစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို အနောက်ဘက်ကမ်းမှာ တပ်ဖြန့် ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။








Saturday, June 19, 2021

အစ္စရေးနဲ့ ဟားမတ်စ် - ဂါဇာရဲ့ မိုးပျံ မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှု အစ္စရေး တုံ့ပြန်

 



အစ္စရေးက အင်္ဂါနေ့ ညပိုင်းက ဂါဇာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက ပါလက်စတိုင်းတွေက မိုးပျံပူဖောင်း မီးလောင်ဗုံးတွေ လွှတ်တင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ လက ဖြစ်ခဲ့တဲ့ ၁၁ ရက်ကြာ တိုက်ခိုက်မှုတွေနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

အစ္စရေး စစ်ဘက်က သူတို့ဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က လွှတ်တင်ခဲ့တဲ့ မိုးပျံ မီးလောင်ဗုံးတွေကြောင့် အစ္စရေး တောင်ပိုင်းမှာ မီးလောင်မှုပေါင်း အကြိမ် ၂၀ လောက် ဖြစ်ခဲ့ပါတယ်။ ဟားမတ်စ်က ဒါ အစ္စရေး သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်မှာ အစ္စရေး အမျိုးသားရေး ဝါဒီတွေရဲ့ ချီတက်ပွဲကို တုံ့ပြန်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ညပိုင်းက တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ အသေအပျောက် မရှိခဲ့ဘဲ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေတွေ တည်ငြိမ်သွားပြီ ဖြစ်ပါတယ်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) ဘက်က ထုတ်ပြန်ချက်ထဲမှာတော့ သူတို့ရဲ့ တိုက်လေယာဥ်တွေက ခန်းယူနစ္စနဲ့ ဂါဇာစီးတီး ထဲမှာ ရှိတဲ့ ဟားမတ်စ်ရဲ့ စစ်စခန်း တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနေရာတွေမှာ အကြမ်းဖက်မှုတွေ စီစဥ်လုပ်ကိုင် နေကြတာ ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဆိုထားပါတယ်။ နောက်ပြီး IDF အနေနဲ့ ဂါဇာကမ်းမြောင်ဘက်က အကြမ်းဖက်မှုတွေ ဆက်လုပ်နေတဲ့ အတွက် တိုက်ပွဲတွေ ပြန်လည် စတင်တာမျိုးအပါအဝင် ဖြစ်လာနိုင်တဲ့ အခြေအနေ အားလုံးအတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

ဟားမတ်စ် ပြောခွင့်ရသူကတော့ ပါလက်စတိုင်း တွေဟာ ဂျေရုဆလင်က ဘာသာရေးအရ အလေးအမြတ် ထားတဲ့ နေရာတွေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ဆက်လက်ပြီး ရဲဝံ့စွာ တွန်းလှန် ကာကွယ်သွားမှာ ဖြစ်တယ်လို့ တွစ်တာပေါ်မှာ ပြောထားပါတယ်။

IDF ဘက်ကတော့ အင်္ဂါနေ့က ဂါဇာကနေ အစ္စရေးထဲကို မီးလောင်စေတတ်တဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်တိုက်ခိုက်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

မကြာသေးတဲ့ နှစ်ပိုင်းတွေက စပြီး စစ်သွေးကြွတွေက ဟီလီယံ ဓာတ်ငွေ့ ထည့်ထားတဲ့ မိုးပျံ ပူဖောင်းတွေနဲ့ စွန်တွေမှာ လောင်စာဆီနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တပ်ဆင်ပေးပြီး ဂါဇာ နယ်စပ်ကို ဖြတ်ကျော်က မကြာခဏ လွှတ်တင်ပေးတတ်ကြပါတယ်။

အဲဒီ မိုးပျံ မီးလောင်ဗုံးတွေကြောင့်ပဲ အစ္စရေးထဲမှာ ရှိတဲ့ သစ်တောနဲ့ စိုက်ပျိုးမြေ ဟက်တာ ဧက ထောင်ပေါင်းများစွာ မီးလောင် ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။

မီးလောင်စေတဲ့ ပူဖောင်းတွေကြောင့် အစ္စရေးတောင်ပိုင်းမှာ မီးလောင်နေတဲ့ သစ်ပင်တွေ

အခု လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘဲန်ဂျမင် နေတန်ယာဟုရဲ့ ၁၂ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့တဲ့ အစ္စရေး အစိုးရသစ် လက်ထက်မှာ ပထမဆုံး အကြိမ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ အစိုးရသစ်ကို လက်ယာ အမျိုးသားရေး ဝါဒီ ဝန်ကြီးချုပ်သစ် နဖ်တာလီ ဘဲန်းနက်က ဦးဆောင်ပြီး အစ္စရေး နိုင်ငံရေး နယ်ပယ် တနံတလျားက ပါတီပေါင်း ၈ ခုရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

2px presentational grey line

ကျိုးပျက်လွယ်တဲ့ အပစ်အခတ်ရပ်စဲရေး

ဂါဇာစီးတီး အခြေစိုက် ဘီဘီစီ သတင်းထောက် ရှရ်ဒီ အဘူ အလုဖ်ကတော့ အခုတကြိမ် လေကြောင်း တိုက်ခိုက်မှုဟာ ၁၀ မိနစ်သာ ကြာခဲ့တယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ လ အတွင်းက တိုက်ပွဲတွေရဲ့ အပျက်အစီးတွေ ကြားမှာ ပြန်လည် နာလန်ထဖို့ ကြိုးစားနေကြတဲ့ ဒေသခံတွေအတွက်တော့ အခုရရှိထားတဲ့ အပစ်ရပ်သဘောတူညီချက်ဟာ ဘယ်လောက် ကျိုးလွယ် ပျက်လွယ်တယ်ဆိုတာကို သတိပေးလိုက်သလိုပဲ ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေသာ မကဘဲ ကားနဲ့ သွားရင် လမ်းတလျှောက်မှာ မြင်ရမယ့် အပျက်အစီးတွေကလည်း စစ်ရဲ့ ဆိုးကျိုးတွေကို သတိပေးနေသလိုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာရဲ့ မြို့လယ်မှာဆို တောင်ပုံရာပုံ ဖြစ်နေတဲ့ အပျက်အစီး အပိုင်းအစတွေကြောင့် အဓိက လမ်းမကြီးတွေ ပိတ်နေကြဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စစ်ပွဲအတွင်းက အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ ရီမားလ် အရပ်က သစ်စေ့ရောင်းတဲ့ စျေးသည် အဘူ မိုဟာမက်ကတော့ သူတို့ အနေနဲ့ စစ်ဆိုတာကို လက်မခံနိုင်တော့ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လပေါင်းများစွာ ဘာမှ လုပ်စားလို့ မရခဲ့ရတဲ့ ကြားမှာ စစ်ကပါ ထပ်ဖြစ်တော့ အဆုံးအရှုံးက ကြီးမားကြောင်းနဲ့ သူ့ကလေး ၆ ယောက်ကို ကျွေးဖို့တောင် မတတ်နိင်တော့ဘူးလို့ ပြောပါတယ်။

ညပိုင်းက တိုက်ခိုက်ခံခဲ့ရတဲ့ ဟားမတ်စ် စစ်စခန်းအနီး နေထိုင်သူ တယောက်ကတော့ မီးခိုးလုံးတွေ တက်လာတာ မြင်တာတောင် တော်တော် ကြောက်စရာ ကောင်းတယ်လို့ သူ့ကို ဖုန်းနဲ့ ဆက်သွယ် ပြောခဲ့ကြောင်း ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

2px presentational grey line

ဂျေရုဆလင် ချီတက်ပွဲ မှာ ဘာဖြစ်ခဲ့သလဲ

ဂျေရုဆလင်နေ့ အလံတင် ချီတက်ပွဲကို ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲ အပြီးမှာ အစ္စရေး သိမ်းပိုက်ထားတဲ့ မြို့ဟောင်းနဲ့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားတဲ့ နေရာတွေရှိတဲ့ အရှေ့ဂျေရုဆလင်မှာ နှစ်စဥ် ကျင်းပလေ့ ရှိပါတယ်။

ဒါကို ရန်စတဲ့ အပြုအမူအဖြစ် ပါလက်စတိုင်းတွေက ရှုမြင်ကြပါတယ်။

အင်္ဂါနေ့ကလည်း ချီတက်ပွဲမှာ အစ္စရေး အမျိုးသားရေး ဝါဒီ လူငယ်တွေ အများအပြား ပါဝင်တဲ့ လူ ရာပေါင်းများစွာက မြို့ဟောင်းရဲ့ ဒမတ်စကပ်စ်ဂိတ်လို့ခေါ်တဲ့ ဝင်ပေါက် ရှေ့မှာ အစ္စရေး အလံတွေကို ကိုင်ပြီး သီချင်းတွေ ဆိုရင်း ကခုန်ရင်းနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ ဒမတ်စကပ်စ်ဂိတ် ဝင်ပေါက်ဟာ မွတ်စလင် ရပ်ကွက်ဆီကို ဝင်တဲ့ အဓိက ဝင်ပေါက်လည်း ဖြစ်ပါတယ်။

အဲဒီ လူတွေဟာ အဲဒီ ဂိတ်ပေါက်ကို ဖြတ်ပြီး ဂျူးဘာသာရဲ့ အထွတ်အမြတ် အဖြစ်ဆုံး နေရာ တခုဖြစ်တဲ့ အနောက်တံတိုင်း ဆီကို ဆက်ပြီး ချီတက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ချီတက်သွားသူတွေထဲက အဖွဲ့တခုက လူမျိုးရေး ခွဲခြားတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးရင်း ချီတက်သွားခဲ့ကြတာကို ရိုက်ထားတဲ့ ဗီဒီယိုလည်း ထွက်လာခဲ့ပြီး ဒါနဲ့ ပတ်သက်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ယရဲ လာပိ က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

မစ္စတာ လာပိ က တချို့ အစွန်းရောက်တွေက အစ္စရေး အလံတော်ကို အမုန်းတရားနဲ့ လူမျိုးရေး ခွဲခြားမှုအတွက် သုံးနေတာဟာ စက်ဆုပ်စရာကောင်းပြီး သည်းခံနိုင်စရာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစ္စရေး အလံကို ကိုင်ပြီး ပါးစပ်က အာရပ်တွေ သေပါစေ ဆို ကြွေးကြော်နေတာကို နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီချီတက်ပွဲ မတိုင်ခင်မှာ အရှေ့ဂျေရုဆလင်ထဲမှာ ဆန္ဒပြနေတဲ့ ပါလက်စတိုင်းတွေကို အစ္စရေး ရဲက ရှင်းလင်းရာမှာလည်း အသံဗုံးတွေ သုံး၊ ရော်ဘာကျည်တွေနဲ့ ပစ်တာတွေပါ ရှိခဲ့ပြီး ပါလက်စတိုင်း ၃၀ ကျော် ဒဏ်ရာရပြီး ၁၇ ယောက် အဖမ်းခံခဲ့ရပါတယ်။

ဒီချီတက်ပွဲကို အစက မေလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ စီစဥ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟားမတ်စ် လက်နက်ကိုင်တွေက ဂါဇာကနေ ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့တာကြောင့် မကျင်းပဖြစ်တော့သလို အကျိုးဆက်အဖြစ် ၁၁ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စပြီး မကြာခင်မှာပဲ ချီတက်ပွဲ ကျင်းပရေး စီစဥ်သူတွေက ချီတက်ပွဲ ကျင်းပဖို့ ရက်ပြန်သတ်မှတ် ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ချီတက်ပွဲကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် ချီတက်မယ့် လမ်းကြောင်းကို အစ္စရေး ရဲက လုံခြုံရေးကြောင့် လက်မခံ ခဲ့တာကြောင့် ပွဲစီစဥ်သူတွေက ပြန်ဖျက်ခဲ့ရပါတယ်။

ပြန်ပြင်ရေးဆွဲထားတဲ့ လမ်းကြောင်းမှာ ဒမတ်စကပ်စ်ဂိတ်ကို မဖြတ်တာကြောင့် အစ္စရေး အစိုးရသစ်က အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းအစိုးရထဲမှာ ပါတဲ့ Arab Islamist Raam ပါတီရဲ့ ခေါင်းဆောင်ကတော့ ဒီပွဲကို ဖျက်သင့်ကြောင်း ပြောခဲ့ပါတယ်။ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ရဲ့ ဝန်ကြီးချုပ်ကလည်း ဒီကိစ္စကြောင့် အန္တရာယ်များတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အရှေ့ ဂျေရုဆလင်မှာ ရှိတဲ့ ဂျူးနဲ့ မွတ်စလင် တွေရဲ့ အထွတ်အမြတ်ထားရာ နေရာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား သီတင်းပတ် များစွာ တင်းမာမှုတွေ မြင့်တက်လာရာက တိုက်ပွဲတွေ စခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာကနေ အစ္စရေးတွေ ပြန်ဆုတ်သွားဖို့ သတိပေးတဲ့ အနေနဲ့ ဟားမတ်စ်က ဒုံးကျည်တွေနဲ့ အစ္စရေးထဲကို လှမ်းပစ်ခဲ့တဲ့ နောက်မှာ အစ္စရေးကလည်း ဒါကို တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

Map

တိုက်ပွဲတွေအတွင်း ဂါဇာထဲမှာ လူပေါင်း ၂၅၆ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးဘက်က ၁၃ ယောက် သေဆုံးခဲ့ရပြီး မေလ ၂၁ ရက်နေ့မှာတော့ အီဂျစ်ရဲ့ကြားဝင် စေ့စပ်မှုနဲ့ အပစ်ရပ်စဲမှု စတင်ခဲ့ပါတယ်။

ကုလသမဂ္ဂက ဂါဇာထဲမှာ အရပ်သားတွေထဲက ၁၂၈ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးက သေဆုံးသူတွေထဲက ၂၀၀ ဟာ စစ်သွေးကြွ တွေလို့ ပြောပေမယ့် ဟားမတ်စ် ခေါင်းဆောင်ကတော့ သူ့တပ်ဖွဲ့ဝင် ၈၀ ကျဆုံးခဲ့ကြောင်း ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ဂါဇာထဲက လူနေအိမ်ခြေ ၁၆,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး စာသင်ကျောင်းနဲ့ လေ့ကျင့်ရေး စင်တာပေါင်း ၅၈ ခု၊ ဆေးရုံ ၉ ရုံ၊ ဆေးခန်းနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦ ၁၉ လုံး ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။


Saturday, January 24, 2015

အစ္စရေးလ် ဝန်ကြီးချုပ် အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား တွေ့မည် မဟုတ်...!

အစ္စရေးလ် ဝန်ကြီးချုပ် အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား တွေ့မည် မဟုတ်
by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu။  

အစ္စရေးလ် ဝန်ကြီးချုပ် ဘန်ဂျမင်န် နေတန်ယာဟု မတ်လ အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီမြို့တော်ကို လာရောက်တဲ့အခါ သမ္မတ ဘရာ့ခ်အိုဘားမားက တွေ့ဆုံမှာ မဟုတ်ဘူးလို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။ မစ္စတာနေတန် ယာဟုဟာ အထက်အောက် လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ လာရောက်မှာပါ။

လက်ဘနွန်စစ်တပ်နှင့် တိုက်ပွဲများအတွင်း သေနတ်သမားသုံးဦးသေဆုံး...!

 

ဆီးရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း နယ် စပ်ဒေသ၌ လက်ဘနွန်စစ်သား များနှင့် လက်နက်ကိုင်အဖွဲ့တစ် ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး အနည်းဆုံးသေနတ်သမား သုံးဦးသေဆုံးခဲ့သည်ဟု လက် ဘနွန် လုံခြုံရေးသတင်းရင်းမြစ် တစ်ခုက ဆိုသည်။

မက်ဒေါနား ၏ကွန်ပျူတာ ကိုတိုက်ခိုက် သည့်အစ္စရေး အမျိုးသား ဖမ်းဆီးခြင်း ခံရ...!

မက်ဒေါနား ၏ကွန်ပျူတာ ကိုတိုက်ခိုက် သည့်အစ္စရေး အမျိုးသား ဖမ်းဆီးခြင်း ခံရ
          Written by  ရိုက်တာ
    နယူးယော့ခ်။    ။အမေရိကန် အဆိုတော်  မက်ဒေါနား အပါ အဝင်ပေါ့ကြယ်  ပွင့်များ၏ ကွန်ပျူတာ များကို  တိုက်ခိုက် မှုနှင့် အွန်လိုင်းပေါ်တွင် မထုတ်လွှင့် ရသေးသည့် သီချင်း များရောင်း ချမှုဖြင့် သံသယ ရှိသူ အသက် ၃၉နှစ် အရွယ်ရှိ အစ္စရေး အမျိုးသားကို ဖမ်းဆီး ခဲ့သည်။
    Matdawnar
    အဆိုပါ အမျိုးသားကို အမည် မဖော်လို သူနိုင်ငံတကာ အနုပညာ ရှင်များ၏ သီချင်းများကို ခိုးယူ ခဲ့ခြင်းကြောင့် သံသယ ရှိမှုဖြင့် ဖမ်းဆီး ခဲ့သည် ဟုအစ္စရေး ရဲတပ်ဖွဲ့ ကပြော ကြားသည်။
    ယင်းအမှုကို စုံစမ်းနေသူ စုံစမ်းစစ်ဆေးရေးမှူးက သီချင်းများအခိုးခံရသည့် အနုပညာရှင်များတွင် မက်ဒေါနားလည်း ပါဝင် သည်ဟု အတည်ပြုပြော ခဲ့သည်။

    Sunday, November 9, 2014

    အစ္စရေးတွင် အာရပ်တဦးကို ရဲက ပစ်သတ်မှုကြောင့် လူထောင်ချီ ဆန္ဒပြ..!

    အစ္စရေးတွင် အာရပ်တဦးကို ရဲက ပစ်သတ်မှုကြောင့် လူထောင်ချီ ဆန္ဒပြ

    အစ္စရေးမှာ အာရတ်တဦးကို ရဲက သေနတ်နဲ့ ပစ်သတ်လိုက်တဲ့နောက်မှာ ထောင်နဲ့ ချီတဲ့ အာရတ်တွေ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။
    ခါယာ အယ်ဒင်အယ်ဟမ်ဒင် ဆိုတဲ့ အာရတ်အမျိုးသားဟာ ရဲက ပစ်ခတ်လိုက်တဲ့အတွက် သေနတ် ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။
    ရဲက သူ့ ဆွေမျိုးတယောက်ကို ဖမ်းဖို့ ကြိုးစားတဲ့အချိန်မှာ သူက ရဲကို ၀င်တိုက်ခိုက်လို့ ရဲက သေနတ်နဲ့ ပစ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။


    Israeli Arab youths throw stones during clashes with Israeli police at the entrance to the town of Kfar Kanna


    လူဦးရေ ၈ သန်းရှိတဲ့ အစ္စရေးမှာ ဂျူးတွေက အများစုဖြစ်ပြီး ငါးပုံတပုံကတော့ အာရတ်တွေနဲ့ မွတ်စလင်တွေ ဖြစ်ပါတယ်။

    Monday, November 3, 2014

    ဂါဇာနယ်ခြားဂိတ်နှစ်ခုကို အစ္စရေး ပိတ်ပင် ....!

    ဂါဇာနယ်ခြားဂိတ်နှစ်ခုကို အစ္စရေး ပိတ်ပင်

    ဂါဇာ နယ်ခြားဂိတ်များပြမြေပုံ

    by ဗွီအိုအေ (မြန်မာဌာန)

    ဒီနေ့တနင်္ဂနွေနေ့မှာ ဂါဇာဒေသကိုဖြတ်သန်းတဲ့ ကယ်ရယ်မ် ရှာလွန် (Kerem Shalom) နဲ့ အီရတ်ဇ် (Erez) နယ်စပ်ဖြတ်လမ်း ၂ ခုကို ပိတ်လိုက်ပြီလို့ အစ္စရေး ဘက်ကကြေညာလိုက်ပါတယ်။
    ထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရှိပေမယ့် ပါလက်စတိုင်းဘက်ကနေ အစ္စရေးဘက်ကို ဒုံးလက်နက်တစ်ခုကျရောက် မီးလောင်ပြီးတဲ့နောက်ပိုင်းမှာ ခုလို နယ်စပ်ဖြတ်လမ်း နှစ်ခုကိုပိတ်လိုက်တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ဂါဇာစစ်သွေးကြွတွေနဲ့ ဖြစ်ပွားတဲ့ ရက် ၅၀ စစ်ပွဲပြီးကတည်းကဆိုရင် အဲဒီဒုံးလက်နက် မီးလောင်ပေါက်ကွဲမှုက ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

    Monday, October 27, 2014

    အစ္စရေးနိုင်ငံမှ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်များ အိန္ဒိယအစိုးရဝယ်ယူ....!


    ဒေါ်လာ ၁၃ ဒဿမ ၁ ဘီလီယံဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် အိန္ဒိယအစိုးရ အတည်ပြု

              Written by  အေအက်ဖ်ပီ (နယူးဒေလီ)
      အိန္ဒိယအစိုးရသည် နိုင်ငံတွင် သက်တမ်းကြာမြင့်နေပြီဖြစ်သော ဆိုဗီယက်ခေတ် စစ်လက်နက်ပစ္စည်းများကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရန်နှင့် ပြည်တွင်းရှိ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းကို တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၁ ဘီလီယံအား အောက်တိုဘာ ၂၅ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။

       
      modi-with-troops-siachen
       
       
      ပါကစ္စတန်နှင့် နယ်စပ်စခန်း တစ်ခုတွင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီအား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (အေအက်ဖ်ပီ)
      ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ ပုဇွန်ဈေးတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)


      အိန္ဒိယနိုင်ငံသည် မကြာသေးမီကာလက အိမ်နီးချင်း ပါကစ္စတန်နှင့် နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်မှုများ၊ တရုတ်တပ်ဖွဲ့များနှင့်
      တင်းမာသည့် အခြေအနေများရှိခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် နာရင်ဒါမိုဒီဦးဆောင်သော အစိုးရက နိုင်ငံ၏ စစ်တပ်ကို အဆင့်မြှင့်တင်ရန်
      ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။

      အစ္စရေးရဲ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းလူငယ် ဈာပန ကျင်းပ...!

      အစ္စရေးရဲ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းလူငယ် ဈာပန ကျင်းပ

      ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က အစ္စရေးရဲတွေနဲ့ ပါလက်စတိုင်းတွေကြား ရုန်းရင်းဆန်ခတ်မှုအတွင်း အစ္စရေးရဲတွေက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း-အမေရိကန် လူငယ်တယောက်ရဲ့ ဈာပနကို
      အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ တက်ရောက်ခဲ့ပါတယ်။



      457879248



      အမေရိကန်အစိုးရ ပြောခွင့်ရ ဂျန်စာကီက ဒီလူငယ်ဟာ အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုပြီး မြန်ဆန်ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဆော်သြလိုက်ပါတယ်။
      အမေရိကန်အရာရှိတွေက စုံစမ်းမှုကို ဦးဆောင်တဲ့ ဒေသခံအာဏာပိုင်တွေနဲ့အတူ နီးနီးကပ်ကပ် ထိတွေ့လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

      Tuesday, October 14, 2014

      မြန်မာ့လယ်ယာနှင့်ဆက်သွယ်ရေးကဏ္ဍ အစ္စရေး ရင်းနှီးမြှုပ်နှံလို...!

      မြန်မာ့လယ်ယာနှင့်ဆက်သွယ်ရေးကဏ္ဍ အစ္စရေး ရင်းနှီးမြှုပ်နှံလို


      အစ္စရေးနိုင်ငံက မြန်မာ့ လယ်ယာနဲ့ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူုး ဦးအောင်နိုင်ဦးက ပြောကြားလိုက်ပါတယ်။




      အစ္စရေး-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုစဉ်



      အစ္စရေး-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုစဉ်
      အစ္စရေးနဲ့မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ အပြန်အလှန် သဘောတူ စာချုပ်တခုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ပထမဆုံးအကြိမ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

      Monday, October 13, 2014

      ဂါဇာဒေသ ပြန်လည် ထူထောင်ရေး ဒေါ်လာသန်း ၅,၄၀၀ ထောက်ပံ့မည် ...!

      ဂါဇာဒေသ ပြန်လည် ထူထောင်ရေး ဒေါ်လာသန်း ၅,၄၀၀ ထောက်ပံ့မည်

      အီဂျစ်နိုင်ငံ၊ ကိုင်ရိုင်မှာ ကျင်းပနေတဲ့ ဂါဇာအလှူရှင်များညီလာခံတက်ရောက်နေသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (အောက်တိုဘာ ၁၂၊ ၂၀၁၄)

      by ဗွီအိုအေ (မြန်မာဌာန)

      မြေထဲပင်လယ်တလျှောက်က စစ်ဘေးဒဏ်သင့်နေတဲ့ ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ဖို့  ဒေါ်လာ ၅.၄ ဘီလျံ ကူညီသွားမယ်ဆိုပြီး ကမ္ဘာတ၀ှမ်း ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။

      Thursday, September 25, 2014

      ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား..!

      ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

      ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးရဲတွေ အယ်လ်အက်ဆာဗလီခြံဝင်းထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
      အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက မေ့ဆေးဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ ဘုရားဖူးတွေက ခဲတွေ၊ မီးပန်းတွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။


      Palestinians clash


      ရိုက်တာစ်သတင်းဌာနက တင်ဆက်တဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ အစ္စရေး နယ်ခြားစောင့်ရဲက ဗလီခြံဝင်းထဲ ဝင်လာပြီး မီးခိုးဗုံး၊ ဖောက်ခွဲသံတွေနဲ့ မီးပန်းပစ်သံတွေကို ကြားရပါတယ်။ ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။
      ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရကတော့ ခြံဝင်းထဲမှာ ဥပဒေစိုးမိုး အာဏာတည်အောင် ဒီလို ပစ်ခတ်ရတာလို့ ပြောပါတယ်။

      ဂါဇာဒေသ ပြန်လည်တည်ထောင်ရေး ကန်ဒေါ်လာ ၃ ဘီလျံကျော် လိုအပ် ....!

      ဂါဇာဒေသ ပြန်လည်တည်ထောင်ရေး ကန်ဒေါ်လာ ၃ ဘီလျံကျော် လိုအပ်          

       Written by  Mizzima News 

      အစ္စရေးနှင့် ဖြစ်ပွားသည့် ရက် ၅၀ စစ်ပွဲကြောင့် ဂါဇာဒေသပြန်လည် တည်ဆောက်ရန် အရေးပေါ်အကူအညီ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိုအပ်ကြောင်း ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီဟမ်ဒယ်လာ့ရှ်က ထုတ်ဖော်ပြောကြားလိုက်သည်ဟု စက်တင်ဘာလာ ၂၄ ရက်က အေအက်ဖ် ပီ
      သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

      gaza-destruction-cease-fire

      ဆော်ဒီအာရေဗျ နိုင်ငံက ဒေါ်လာသန်း ၅၀၀ ထည့်ဝင်ဝင်မည်ဟု ကတိက၀တ် ပြုထားပြီး အခြားနိုင်ငံများကလည်း ပါဝင်မည်လာမည်ဟု ဆို ထားသည်။ ကုလသမဂ္ဂ နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် နော်ဝေ ဦးဆောင်သည့် အလှူရှင်များနှင့် ဆွေးနွေးပွဲအပြီးတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

      Tuesday, September 23, 2014

      ဆီရီးယားစစ်လေယာဉ် ပစ်ချခံရ။


      Amid instability in Syria, Israel firm with red lines

      The decision to down Assad’s fighter jet was based on how quickly it could strike, plus the defense minister’s zero-tolerance policy



      Read more: Amid instability in Syria, Israel firm with red lines | The Times of Israel http://www.timesofisrael.com/amid-instability-in-syria-israel-firm-with-red-lines/#ixzz3E9FLV6qi
      Follow us: @timesofisrael on Twitter | timesofisrael on Facebook


      Footage of what a Syria opposition group claims is a Syrian Su-24 fighter jet in flames after being shot down by the IDF near the border. (screen capture: YouTube)
      Footage of what a Syria opposition group claims is a Syrian Su-24 fighter jet in flames after being shot down by the IDF near the border. (screen capture: YouTube)

      Saturday, September 20, 2014

      အီရန်နှင့် အင်အားကြီး ၆ နိုင်ငံ နျူးကလီးယား ကိစ္စ ဆွေးနွေး...!

      အီရန်နှင့် အင်အားကြီး ၆ နိုင်ငံ နျူးကလီးယား ကိစ္စ ဆွေးနွေး

      Leaders gather at the United Nations Palais in Geneva

      အီရန်နဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်တို့ ပါဝင်တဲ့ ခြောက်နိုင်ငံတို့ နျူးကလီးယား ကိစ္စ ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြန်လည် စတင်လိုက်ပါတယ်။
      အီးယူ နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း အက်စတွန်က ဆွေးနွေးပွဲမှာ ၆ နိုင်ငံကိုယ်စား ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။

      Saturday, September 13, 2014

      ပြင်သစ်တွင် ဂျူးးဆန့်ကျင်ရေး တိုက်ခိုက်မှုများ နှစ်ဆတိုးလာ....!

      ပြင်သစ်တွင် ဂျူးးဆန့်ကျင်ရေး တိုက်ခိုက်မှုများ နှစ်ဆတိုးလာ
                Written by 
        ပြင်သစ်တွင် ယခုနှစ်၏ ပထမ ခုနစ်လအတွင်းတွင် ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှုများသည် နှစ်ဆ တိုးလာ ခဲ့ကြောင်း ပြင်သစ်နိုင် ငံရှိ အဓိက ဂျူးးလူမျိုးများအဖွဲ့က ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၁၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
        France and Jews
        ဂျူးးဆန့်ကျင်ရေး တိုက်ခိုက်မှုများ သို့မဟုတ် ခြိမ်းခြောက်မှု  များသည် ယခုနှစ် ဇူလိုင်လကုန်တွင် စုစုပေါင်း ၅၂၉ ကြိမ်အထိ ရှိခဲ့ ရာ လွန်ခဲ့သော နှစ်က ၂၇၆ ကြိမ်သာ ရှိခဲ့နှင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါး တိုးလာခြင်း ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ဂျူးးအဖွဲ့ အစည်း များ ကောင်စီက ပြည်ထဲရေးဝန်ကြီး ဌာန၏ ကိန်းဂဏန်းများကို ကိုးကား၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။

        Friday, September 12, 2014

        ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလတပ်ဖွဲ့ဝင် ၄၅ ဦး ပြန်လည် လွတ်မြောက်လာ...!


        ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလတပ်ဖွဲ့ဝင် ၄၅ ဦး ပြန်လည် လွတ်မြောက်လာ


                   Written by  အောင်ခင်
          သြဂုတ်လကုန်ပိုင်းက ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂ ပိုင်းခြားနယ်မြေ စောင့်ကြည့်ရေးတပ်ဖွဲ့ (UNDOF) မှ ဖီဂျီနိုင်ငံသား ၄၅ ဦးသည် စက်တင်ဘာ ၁၁ ရက်က ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ သည် ကောင်းမွန်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထား သည်။
        Goland heights released
        UNDOF တပ်ဖွဲ့သည် အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြားမှ  ၁၉၇၄ ခုနှစ်က သဘောတူထားသည့် ဂိုလန်ကုန်းမြင့်ဒေသ အပစ်အခတ်မပြုလုပ်ရေး နယ်မြေကို စောင့်ကြည့်ရသည့် ကုလသမဂ္ဂငြိမ်းချမ်း ရေး တပ်ဖွဲ့ဖြစ်သည်။

        Thursday, September 4, 2014

        မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခု ဖွဲ့စည်း...!

        မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခု ဖွဲ့စည်း

        အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက မွတ်စလင်တွေအတွက် အယ်လ်ကိုင်ဒါရဲ့ အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
        ဒီအဖွဲ့ခွဲဟာ မတရားမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ မွတ်စလင်တွေကို ကယ်တင်မယ်လို့လည်း သူက ပြောပါတယ်။
        အယ်လ်ကေဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟရီ
        အယ်လ်ကေဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟရီ
        ဒီတပ်ဖွဲ့သစ်ဟာ ဒေသတွင်းက မွတ်စလင်လူဦးရေကို ခွဲခြားထားတဲ့ နယ်စပ်မျဉ်း အတုတွေကို ချေမှုန်းကြလိမ့်မယ်လို့လည်း ပြောပါတယ်။

        ဆော်ဒီအစိုးရက အကြမ်းဖက်တိုက်ခိုက် ကြံစည်မှု သံသယဖြင့် လူ ၈၈ ဦးကို ဖမ်းဆီး..!

        ဆော်ဒီအစိုးရက အကြမ်းဖက်တိုက်ခိုက် ကြံစည်မှု သံသယဖြင့် လူ ၈၈ ဦးကို ဖမ်းဆီး
        ဆော်ဒီအာရေဗျအစိုးရက သူနိုင်ငံသား တဝက်ကျော်ပါတဲ့ လူ ၈၈ ယောက်ကို ပြည်တွင်းနဲ့ ပြည်ပ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြံစည်လုပ်ဆောင်မှု သံသယနဲ့ ဖမ်းလိုက်တယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
         ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
        ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
        တချို့သံသယရှိသူ တွေကတော့ ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေ သိမ်းပိုက်ထားတဲ့ အစ္စလာမ်မစ်ပြည်ထောင်စုအုပ်စု၊ ဆီးရီးယားနိုင်ငံက နတ်စ်ရာတပ်ဦး၊ ယီမင်နိုင်ငံက အယ်လ်ကေဒါဂိုဏ်းခွဲတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ တာကီက ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။